အပိူင်း(၁၈)

8.3K 549 47
                                    

" ရှာလိုက်ရတာ ကိုငယ်ရယ် "

" တောင်းပန်ပါတယ်...."

" မဟုတ်ဘူး ငါညီ ကို အပြစ်မတင်ဘူး၊ ဒါပေမယ့် ကိုငယ်ရာ တစ်နေရာရာ သွားမယ်ဆိုအစ်ကိုတိူ့ကို အသိလေးပေးစေချင်တာ ...ခုကြ မင်းတို့ညီအစ်ကိုနှစ်ယောက်လုံး ပျောက်သွားတော့ တို့ ဂမုန်းပွင့်စင်တာထဲ ပတ်ရှာနေရတာပေါ့.."

ဂမုန်းပွင့်အပြန် အိမ်အတွက် လိုအပ်သော စားသောက်ဖွယ်ရာများကို ပန်းကန်ထဲ ထည့်၍ နူတ်ကလည်း မပြတ် ဆူပူခြင်းမမည်သော စိုးရိမ်သံတစ်ဝက်ရောကာ မိဝေပြောဆိုနေမိခြင်း။

ကားပေါ်က အထုပ်တွေကို ချကာ ဧည့်ခန်းအလယ် စက်တီခုံသေးလေးပေါ် လာတင်နေသော ကိုသာထက်ကို အားနာသော မျက်နာဖြင့် မော့ကြည့်မိသည်။

" တောင်းပန်ပါတယ် "

" ဘာမှ....ဘာမှမဖြစ်ဘူး ၊ မင်းတ်ို့ပျောက်သွားတော့ မိဝေက စိတ်ပူလို့ ပြောတာပါကွာ စိတ်ထဲမထားနဲ့..ဟုတ်ပါလား "

" အင်းပါ အစ်ကို "

" သားတို့ မှားပါတယ် အဖေ ၊ ကိုကို ကို့မဆူပါနဲ့ ...သား..သားက ရေခဲမူန့်ပူဆာလို့ လ်ိုက်ဝယ်ကြွေးတာပါ ...ကိုကိုအမှားမဟုတ်ဘူး .."

ကျွန်တော်ကို အပစ်တင်မှာစ်ိုးလို့ မျက်နာငယ်လေးဖြင့် မိဘကို ရှင်းပြနေသော ဖိုးသားထူးလေးက မွေးချင်းမောင်နှမ မရှိတဲ့ ကျွန်တော့အတွက် ဘုရားသခင် ပေးပို့သည့်အလား ။

ဘုရားသခင်ပေးသနားလာသော ကောင်းချီးမေတ္တာများမှ ဤအိမ်လေးမှာ နေထိုင်ရသည်က ကောင်းကင်ဘုံက ဘုရားသခင်ကျေးဇူးတော်ကြောင့် ။

စစ်မှန်သော မေတ္တာဓါတ်တွေ ထုံမွှန်းနေသော သည်မိသားစုလေးကို တွေ့ဆုံခွင့်ပေးတဲ့ ဘုရားသခင်ကျေးဇူးတော်ကို အမြဲမပြတ် ချီးကျူးကျေးဇူးတင်နေမိသည်။

စစ်မှန်သော ချစ်ခြင်း ဟူသည် မိတ်ဆွေတွေဆီမှလည်း တွေ့မြင်နိုင်၏။

" အဖေတို့က သားကိုကို ကို့ မဆူပါဘူး ဖိုးသာထူးရာ....သားတို့နှစ်ယောက်တခုခုဖြစ်နေမှာ အဖေတို့ စိတ်ပူလို့ပါ "

" ဟုတ် အဖေ ..."

" သူ့ အကို ကြ အတော်ချစ်တက်နေ နောိ ဖိုးသားထူး "

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာΌπου ζουν οι ιστορίες. Ανακάλυψε τώρα