အပိုင်း(၂၃)

6.5K 442 53
                                    


" ကလေးပို့ပြီး အိမ်ပြန်လာအုံးမှာလား ကိုသာထက်..."

ဒီနေ့ Sunday မို့ ညီငယ်ကို သု့ယုံကြည်ရာ ဘုရားကျောင်းကို ပို့ပေးရမှာဖြစ်ပြီး ဒီနေ့ မိသားစုလိုက် အပြင်ထွက်ကာ စားသောက်ကြမည့်အစီအစဉ်မို့ ငွေနှမျောအားကြီးလွန်းသော မိဝေက ကိုငယ်ကြောင့်မို့သာ လက်ခံလိုက်ရပုံရသည်။

" အေးလေ...ငါတို့ကသိပ်မကြာဘူး ၊ နင်တို့သားအမိ ပြီးစီးအောင်လုပ်ထား...ဒီနေ့ကန်တော်ကြီးဘက် သွားကြရအောင်လေ..ကိုတိုးကြီးတို့က အဲ့ဘက်လာခဲ့မယ်ပြောတယ်ဟ "

" မသွားချင်ပါဘူး....အမူးသမားတွေ တရုန်းရုန်းနဲ့  စိတ်ရူပ်စရာ၊ ကိုယ့်မိသားစု အေးဆေးနေချင်တာ..တော်လျှာမရှည်နဲ့နော်.."

" အေးပါဟ..."

ပုဆိုးလဲနေသော ကိုသားထက်နား တဂျီဂျီလုပ်နေပါသော မိဝေကို မျက်စောင်းထိုးကာ ကြည့်ပေးနေမိသည်။

မိဝေက အသက်မကြီးသေးဘဲ အားကြီးစကားများ၏။

" ကျွန်တော်ပီးပီ အစ်ကို "

ဝတ်နေကြ ဂျင်းအနက်ဘောင်းဘီလေးကို အဖြူရောင် T-shirt ဝတ်ကာ အပေါ်က မီးခိုခဲရောင် ဖလံထည်အကွက်စိပ်လေး ထပ်ဝတ်ထားသော လွယ်အွေ့ ဖက်ရှင်းကိုကြည့်ပြီး ကိုသာထက်ပြုံးကြည့်နေမိသည်။

မရိုးတန်းဝတ်တက်သော ဖလံထည်ကွက်စိပ်/ကျဲများကို တခါတလေ မိဝေက ကြုံရင်ကြုံသလို ဆင်ပေးတက်သေး၏။

အနက်ရောင် လျှာထိုးဦးထုပ်လေးဆောင်းကာ ဂစ်တာအိတ်လေး လွယ်ထားသော ဗန်လွယ်အွေ့က သူကိုကြည့်ပြီး တွေးနေတာကို သိနေဟန်ဖြင့် ခပ်စစ ပြုံးပြနေပြန်သည်။

" ငွေမထုတ်ခဲ့နဲ့နော် ကိုငယ်..နောက်တစ်ခါဆို ငါစိတ်ဆိုးပစ်မယ် "

" အင်းပါ..."

" ဟားးးမင်းမို့အဲ့စကားပြောနေတာ မိဝေက သိပ်ဖက်လိုက်တာကွ၊ ငါများ ကားပြန်လာ လူကိုမမျှောိဘူး ငါ့ညီ သူက ငါ့လွယ်အိတ်ထဲက ဆင်တွေကိုပဲ မျှော်နေတာဗျ.."

" ........"

" ကိုသာထက် !!!!"

ပုံစံမပျက် ပြုံးရယ်နေသော လွယ်အွေ့ ရယ်ပါ။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now