အပိုင်း (၅၅) Final

7.6K 339 45
                                    


(သံတွဲမြို့၊ ငပလီ အ​ကြောင်းများကို Wikipedia ၊ Pristine Mermaid Resort Page တို့က က်ိုးကားယူထားပါတယ်ရှင့်...)

ငပလီကမ်းခြေလို့ ပြောလိုက်တာနဲ့ ပင်လယ်ရေပြင်ပြာပြာ သဲသောင်ပြင်ဖြူလွလွနဲ့ အုန်းပင်တန်းတွေကို ပြေးမြင်ကြသလို အာရှတိုက်ရဲ့ အလှပဆုံးသော ကမ်းခြေထဲကအလှဆုံးကမ်းခြေတစ်ခု အဖြစ်သတ်မှတ်ခြင်းခံထားရသည့် ကမ်းခြေလည်း ဖြစ်၏။

ကမ္ဘာလှည့်ခရီးသွားမျးကို အဓိကဆွဲဆောင်သော ကမ်းခြေပြေပြစ်ခြင်း၊ ရေပြင်ပြာပြာ၏အလှတရား၊ ဖြူလွလွသဲသောင်ပြင်တို့ကို အုန်းပင်(တချို့အုန်းပင်ကောက်)လေးဖြင့် စီစီရီရီအနားသတ်ထားပြန်သေးသည်။ အထပ်မြင့် တိုက်တာအဆောက်အဦးများ ကန့်သတ်ထားပြီး သဘာဝအလှတရားကို သဘာဝအတိုင်း ထိန်းသိမ်းထားသော သဘာဝ၏ အလှတရားတစ်ခုဖြစ်သည့်  ငပလီကမ်းခြေကို ရန်ကုန်မှ သံတွဲမြို့ထိ တောတောင်တန်းများမှတဆင့် ကားလမ်းမလေးအတိုင်း သဘာဝတောတောင်ရူခင်းများကိုနှစ်သက်ခံစားရင်း ခရီးသွားခဲ့ခြင်းများကို video recorderလေးဖြင့် ပြေ့ဘုန်းမာန်၏ အကူအညီတောင်းမူကြောင့် ရန်ကုန်စထွက်သည်မှစ သော်စစ်ပိုင် မှတ်တမ်းယူနေမိသည်။

သံတွဲရောက်သည်ထိမရပ်မနားခရီးဆက်ခဲ့ကြသောကြောင့်သံတွဲရှိ hotel တစ်ခုတွင် အနားယူရန် ဘုန်းမြတ်ဟန် ဆုံးဖြတ်လိုက်သည်။ငယ်ရွယ်လွန်းသော သမီးငယ် ပါဝင်သည့်အပြင် ကားမူးခြင်းဒဏ်ကိုခံစားနေရသော ဖိုးသာထူး ခေါင်းမူးနေခြင်းကြောင့် တစ်ညတာနားခိုရမည်ဖြစ်သည်။

" ကိုကို ဒါ ငပလီရောက်ခါနီးပြီလား...."

အထုပ်အပိုးတွေချရင်း ဘေးနားကပ်ကာ သိလိုရာကို ခေါင်းလေးလှည့်ကြည့်ရင်း အမေးစကားဆိုလာသူလေး ။ အမြဲဝတ်ဆင်ပေးနေကြ အဖြူရောင် ချည်သားရူံ့ချည်ဘောင်းဘီလေးကို အပြာရောင်နုနု ကိုအဖြူရောင်စာတန်းပါ T shirt လေးကို အပေါ်ဝတ်ဂျင်းပြာနုလေးကြောင့် မြင်ရကြည်နူးဖွယ်ရာ ခရီးသွားတစ်ယောက်အသွင် တစ်ကိုယ်ရည်အသုံးအဆောင် ကြိုးလွယ် ကင်မရာတစ်လုံးကို လည်ပင်းမှာချိတ်၍ ဦးထုပ်အဝိုင်းဆောင်းထားသည့် ကလေးငယ်က ပုံမှန်လူတွေလို လှမ်းလျှောက်နိုင်သော်လည်း ခရီးဝေးဝေးလျှောက်လှမ်းခြင်းကို ဆင်ခြင်ရ၏။ ထောင့်နှဲ့ခြင်းမရှိပေမယ့် လှမ်းလျှောက်ပါများရင် ခြေချင်းဝတ်အထက်ရှိခွဲစိတ်ရာလေးက သိသိသာသာ နာလာတက်သည်ဆိုတဲ့ ဆရာဝန်တွေရဲ့အကြံပြုချက်ကြောင့် ငယ်လေးကိုမည်သည့်အလေးပင်ပစ္စည်းမှ သယ်ယူခြင်းမပြုပဲ အနီးအနားကိုသာ ပြေ့ဘုန်းမာန် မျက်စိရှေ့လျှောက်လှမ်းပြုထားမိသည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now