အပိုင်း(၁၇)

8.1K 677 81
                                    


မနည်းမများသော မိန်းမငယ်လေးများ၏ အလန့်တကြားအော်ဟစ်အားပေးသံတွေကို မော့မကြည့်ဘဲ လူအိုကြီးပေးလာတဲ့ ဂစ်တာအိုလေးကိုသာ တီးခတ်ဖို့ပြင်နေသော တောင်ပေါ်သားလေး ဗန်လွယ်အွေ့။

Mask အပြာလေးကို အောက်ဆွဲချနေသော လက်ချောင်းလေးများက ဖော့ဖယောင်းလ်ို ပျော့ပျောင်းနေသည်ကား မြင်ရသူအဖို့ ရူးသွပ်ဖို့ရာ၊ စွဲငင်နေသော မျက်ဝန်းတွေက အကြည့်ချင်းဆုံဖို့ရာ မဖြစ်နိုင်ပြီ။ ရုတ်တရက် နှလုံးသွေးရပ်တန့်စေသည့် အကြည့်စူးစူးမို့ မိန်းမလှလေးတွေရဲ့ အော်ဟစ်အားပေးသံကား မများသော်လည်း ပတ်ဝန်းကျင်အာရုံစိုက်စရာ ဖြစ်လာခဲ့ပြီ။

( အားးးးးးချောလိုက်တာ)

(Woo.....)

(မိုက်လိုက်တာ...live song လေးကြည့်ရတော့မယ်)

( ကံကောင်းလိုက်တဲ့ ငါတို့တွေပဲ....)

(ခုလိုမကြုံဖူးပေမယ်....ချောလိုက်တာ...)

အမျိုးမျိုးတီးတိုးသဖွယ် မှတ်ချက်အမည်ပေးကာ လက်ခုပ်သံတိုးတိုးတွေကြား လွယ်အွေ့လေး မျက်နှာမော့မလာခဲ့။ လူအိုကြီးကမ်းပေးလာသော ဂစ်တာအိုလေးကို ကြိုးညှိနေသည့် ဖယောင်းလက်လေးက မျက်စိမလွဲချင်စရာ။ အဆစ်ပျောက်နေသယောင် ပျော့ပျောင်းလွန်းတဲ့ လက်သွယ်သွယ်လေးကအစ ငေးမောစရာ ။

ဗာဂျာကိုကိုင်ပြီး Harmony လိုက်ပေးရန်ပြင်နေသော လူအိုကြီးက ခေါင်းလေး တဆက်ဆက်ညိမ့်ပြနေပြန်သည်။ ကြည်နူးဖွယ်မျက်ဝန်းတွေထဲက နှစ်သက်အားကိုးမူကို အထင်သားမြင်နေရသည်။

ချို့တဲ့သူကိုမြင်ရင် ကိုယ်ချင်းစာတက်တဲ့ တောင်ပေါ်သားလေး။

သက်ကြီးရွယ်အိုတွေမြင်တိုင်း ပေးကမ်းဝေမျှတက်တဲ့ လွယ်အွေ့လေးရဲ့ စိတ်ထားလေးနူးညံ့မူအတိ။

ကိုယ်တိုင်သည်ကား အားနည်းချက်နှင့်မို့ ချို့တဲ့သူကို ဖေးမ လက်တွဲကူညီရင်း သီဆိုမိသည်ကား အဆိုကြီး ဂရေဟမ်၏ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်သည့် အချစ်စွမ်းအား

(🎼🎼.....အိပ်စက်သွားတဲ့ ငါနှလုံးသား...မင်းနဲ့တွေ့မှနိုးလာတယ်...ကွဲအက်သွားတဲ့
အသည်းဒဏ်ရာ..မင်းရဲ့လက်နဲ့ပျောက်ကုန်ပြီ....
...ဟောင်းနွမ်းခဲ့တဲ့ အိမ်မက်များ...အေးစက်မည်းမှောင်ငါ့ညများ...အိမ်မက်သစ်တွေမွေးဖွားလို့...ရင်ကိုနွေးထွေးသွား...အကြင်နာညများလင်းလက်သွား...🎼🎼)

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now