အပိုင်း(၄၄)

5.8K 413 31
                                    


Entertainment ကပြန်ရောက်လာချင်းချင်း ကိုယ်ကို့အမြင်မကြည်စွာ နူတ်ခမ်းလေးအနည်းငယ်စူထော်နေပြီး အိပ်ခန်းထဲဝယ် တစ်တောင်~ တောင် တီးခတ်နေပါသော ချစ်ရပါသောလေးရဲ့ မျက်နှာအမူအရာကိုကြည့်ခြင်းအားဖြင့် ဘာဖြစ်လာသလဲ *ဆိုပြီး အတူလိုက်ပါလာသော ကိုခင်ဇော်ကိုမေးတော့မှအကြောင်းစုံသိရပြီး အားနာမိသည်အထိ။

စိတ်ကောက်ခြင်းကိုပြသခဲ သော ကလေးငယ်မို့ ကိုခင်ဇော်ပြန်သွားချင်း လုပ်လက်စကိုအရှိန်သတ်ကာ ကလေးကိုချော့ရန် အိပ်ခန်းထဲဝင်၍ ခြေချချင်း မျက်စောင်းထိုးကာ ချစ်ရပါသောလေးက တစ်ဖက်လှည့်သွားသေးသည်။

" ကလေးလေး......" ကုတင်ပေါ်ဝယ်ပုံ့ပုံ့လေးထိုင်ကာ ဂစ်တာတီးနေနေသော ချစ်ရသူက မော်ကြည့်မလာပဲ စိတ်ကောက်နေမြဲမို့ ကလေးငယ်နောက်ပါးဆီမှ ဝင်ထိုင်ကာ ခါးသိမ်သိမ်လေးကို ပွေ့မ,ပြီး ရင်ခွင်ထဲထည့်ထားမိတော့ .....။

" ဖယ်လို့......မဖက်နဲ့ ..."

" ဘာဖြစ်လာတာလဲ အချစ်ရယ်....ကိုယ့်ကိုမကျေနပ်တာရှိရင်ပြောလေ ....ကိုကိုဖြေရှင်းပေးမှာပေါ့ ...."

"မသိဘူး.....ဖယ်လို့ ..."

" ပြောပါကွာ.....ကလေးလေးရာ....ကိုကို့တောင်းပန်တယ်နော်....အဲလိုကြီးမပြောမဆိုပဲ စိတ်မကောက်ပါနဲ့ကလေးလေးရ...နော်..."

" ကိုကို မကောင်းဘူး..အင့်...ဖယ်လို့ "

" မဖယ်ပါရစေနဲ့ကွာ....ကိုကို့တောင်းပန်တယ်...အချစ်ရာ..."

" အင့်....ဖယ်လို့ ..."

" no ပါနော်....လာစမ်း ဒီပုခုံးလေး အနမ်းပေးချင်လို့ ."

ရင်ခွင့်ထဲက အတင်းရုံးကန်နေသူလေးကို အတင်းချုပ်ကာ အနမ်းပန်တွေကျဲချမိတော့ ခေါင်းလေးမော့ရင်း ဘယ်ညာလူးလွင့်ကာ စိတ်ကောက်နေသေးသည်။

" ဒီ ဂုတ်သားဖြူဖြူလေး သိပ်အသည်းယား...လာထား ပြွတ်စ်~~ "

" လွတ်လို့..."

ပုခုံးလေးကနေ သိုင်းဖက်ကာ သော်စစ်နဲ့သူငယ်ချင်းဖြစ်ကြောင်း ဘယ်ကဘယ်လိုသိလာတဲ့မသိ၊ အိမ်ပြန်ရောက်ရောက်ချင်း သူကိုဖုံးကွယ်ထားတယ်! လိမ်တယ်! ဟု စွပ်စွဲကာ ရွှေစိတ်တော်ကောက်ကွေးနေတဲ့ ကလေးငယ်ရဲ့ မူဟန်နွဲ့နွဲ့လေးကို အတော်သဘောကျကာ ရင်ခွင်ထဲ ထည့်ပြီး အနမ်းတွေခြွေချနေမိသည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာNơi câu chuyện tồn tại. Hãy khám phá bây giờ