အပိုင်း (၁၉)

7.4K 558 53
                                    


တစ်ပုဒ်တီးခတ်ပြီးလို့ ကြိုးပေါ်က လက်ကလေးကို တစ်ချက်ခြင်း လူပ်နေချိန် ပတ်ချာလည်က အားပေးလက်ခုပ်သံတွေ သောသောညံသွားခဲ့သည်။ အများစုက မိန်းမပျိုလေးဆီမှ အာခေါင်အာရင်းသန်သန်အော်ဟစ်သံတွေက ပူပြင်းတဲ့နေအပူကိုအံ့တုပြီး အားပေးကြမ်းနေမူကြီး။

လူအိုကြီးစုံတွဲထဲက ဝမ်းသာမျက်ရည်တွေမြင်ရပြီး လက်ခုပ်ပြိုင်တီး ဂုဏ်ပြုပေးမူကြောင့်ခေါင်းလေးတစ်ချက်ညိမ့်ပေးရင်အသိမှတ်ပြုမိသည်။

ဖိုးသာထူး ကမ်းပေးသော ငွေစက္ကူအချို့ကို လူအိုကြီးတွေထဲ လွဲအပ်လိုက်တော့ ထပ်ဆင့်လက်ခုပ်သံက ပိုကျယ်လာခဲ့သည်။

အိမ်က, ကလေးနှစ်ယောက်ပျောက်လို့ ကုန်တိုက်ပေါ် အထက်အောက် ဗြောင်းဆန်အောင်ရှာနေကြသည့်မိဝေတို့လင်မယား ထွက်လာသည့်ဂီတသံကြောင့် လူအုပ်ကြီးအနားတိုးဝှေ့ကြည့်ရင်း ပျောက်သောသူကိုတွေ့ခဲ့ပြီ။ လိုက်ဖက်ညီတဲ့ ကူညီမူတွေကြောင့် ဝမ်းသာအားရမူအပါအဝင် ဖော်ပြလို့မရနိုင်သေးသော ကြည်နူးခြင်းတွေပါ ရင်ထဲ ပန်းပေါင်းစုံပွင့်စေရပြီ။

ဂမုန်းပွင့်ကုန်တိုက်ရှေ့မျက်နာစာအနီး အလှူခံသူလူအိုကြီးတွေကို ကူညီးရင်း တစ်ပုဒ်တည်းသော သီချင်ကိုတီးခတ်ပြီး ကျော်ကြားမူ အဟုန်ကိုသိမ်းပိုက်ပွေ့ယူသွားသူလေး ဗန်လွယ်အွေ့။

အမည်မတူခြားနားသော Entertainment founders တွေရဲ့ အာရုံစူးစိုက်မူကို ရယူသွားသော လွယ်အွေ့။

ရှာဖွေနေသူ လေတပ်ဗိုလ်ကြီး၏ အိမ်အကူကောင်လေးတစ်ဦး ပြသမူဖြင့် ပြန်လည်တွေ့ခွင့်ရသည့် သားငယ်၏ မျက်နာကို ကြည့်ပြီး ဝမ်းသာမျက်ရည်ဖြိုင်နေသော လေတပ်ဗိုလ်ကြီး(ငြိမ်း) ။

တုန်ရီစပြုနေသော လက်တွေကို ထိန်းကိုင်ရင်း အိမ်ရှင်မကို ပြကာ ဂုဏ်ယူနေမူတွေ သီကျူးနေသော အငြိမ်းစားအရာရှိကြီး။ ရှာဖွေနေသည့်ကာလတွေမှာ သတင်းအစအန မကြားရဘဲ ခုလို social media ပေါ် ရုတ်တရက်ပေါ်လာသူလေးအား ချက်ချင်းပြေး၍ ဆင့်ခေါ်စေမည်။

သားကြီး၏ ဖုန်းကို ဝမ်းသာအားရသံဖြင့် ......

" ဖေဖေတို့ သားငယ်ကို တွေ့ပြီ ၊ သားကြီးကိုယ်တိုင်သွားခေါ်ပေးပါ သားငယ်လေးက သားကြီးကို ခင်ရှာပါတယ် သားငယ်လေးကို ဖေဖေတို့ဆီ ပြန်ခေါ်ခဲ့ပေးပါ သားကြီး "

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now