အပိုင်း(၄၇)

4.9K 375 22
                                    


May Entertainment ရဲ့ live-show အစီအစဉ် ထဲက အများစောင့်မျှော်နေကြသည့် အဆိုတော်သွဲ့ပန်းချီနှင့် လွယ်အွေ့လေးတို့၏ duets song လေးကို စလိုက်မီးမှိန်မှိန်လေးစထွန်းထားပြီး ပွဲကျင်းပရာ ကွင်ပြင်ကြီးကို အမှောင်ကျအောင်အလင်းရောင်မှိန်မှိန်သာပေး၍ စင်မြင့်ထက်ဝယ်ထိုးပြထားသော နေရာလေးတွင် စတိတ်စင်အလင်းအမှောင်တွေကြားက လိုက်ဖက်လွန်းသည့် duets song သီဆိုမည့်နှစ်ဦး။ အဆိုတော်သွဲ့ပန်းချီနှင့်အတူ ထိုင်ခုံလေးပေါ်ဝယ် ဂစ်တာလေးကိုင်ကာ microphone လေးအား အနီး/အဝေးပြင်နေသည့် ချစ်ရပါသောလေးကိုကြည့်ပြီးပြေ့ဘုန်းမာန်တစ်ယောက် ဆိုင်သူလေးရဲ့ လူပ်ရှာမူတိုငိးကိုသာမျက်တောင်မခတ်ကြည့်ပြီး ကြည်နူးရိပ်သန်းနေသည်။

( ကိုယ့်ကလေးက လူကြောက်လေးမဟုတ်တော့ဘူးပဲ ) အတွေးရေးရေးလေးဖြင့် ပြေ့ဘုန်းမာန် တစ်ကိုယ်တော်သာပြုံးနေမိသည်။

Intro တီးလုံးလေးစဝင်လာသည်နှင့်တပြိုင်နက် ဂစ်တာကြိုးလေးပေါ်က စတင်လူပ်ရှားနေသော ကလေးငယ်ရဲ့လက်သွယ်သွယ်လေးကအစ မြတ်နိုးချင်စရာ ။ ကလေးငယ်ကိုသာ စူးစိုက်ကြည့်ပြီး အချစ်ရည်ရွှန်းရွှန်းစိုအောင် ကြည့်ပြီး သီဆိုဖျော်ဖြေနေသော အဆိုတော်ရဲ့ အမူအရာတချို့ကပြေ့ဘုန်းမာန်ရဲ့ အမြင်အာရုံထဲ ဘဝင်မကြလှပါ။

သူက ဘာလဲ !

ကိုယ့်ကလေးကိုမှ ဘာကြောင့်ခုလိုအကြည့် စူးရဲရတာလဲ !

ဘာအတွက်လဲ !

သူ့နေရာသူ့အပိုင်းလေးမှာ အပိုအလိုမရှိ စိတ်ပါဝင်စားစွာဖျော်ဖြေနေသော ချစ်ရပါသောကလေးငယ်ငယ်က သိနားလည်မည်မဟုတ်သော်လည်း ရှေ့တည့်တည့်မှာ တဖက်အဆိုတော်ရဲ့ အမူအရာ အကြည့်လေးတွေအား မြင်တွေ့နေရသူအဖို့ စင်ပေါ်တက်ကာကလေးငယ်အား ပွေ့ဖက်၍ အိမ်ပြန်ခေါ်သွားချင်မိသည်အထိ တစ်ယောက်တည်း လောင်မြိုက်နေရပါသော ဒုက္ခဝေဒနာကို အပြုံးချိုချိုလေးဖြင့် ဆိုနေတဲ့ ကလေးငယ်ငယ်တစ်ယောက်မသိခဲ့ပါ။

" ကိုဇေယျာ...."

အမည်လေးတစ်ခုခေါ်လိုက်ရုံဖြင့် လက်လေးနောက်ပစ်ကာ အမိန့်နာခံနေဆဲ ကိုဇေယျာတစ်ယောက် မိမိသူဌေးရဲ့ခက်ထန်နေတဲ့ အကြည့်တွေကို သိနားလည်သူပီပီ တစ်ခဏအတွင်း ဖွေရှာထားသော အဆိုတော်သွဲ့ပန်းချီရဲ့ biography အချက်အလက်များကို သူဌေးရှေ့ပို့ကာ ခေါင်းငုံ့နေမိသည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now