အပိုင်း(၁၁)

8.9K 645 51
                                    

(မိသားစုနှင့်အတူ ပျော်ရွှင်စရာ ဝါဆိုလပြည့်နေ့ လေးဖြစ်ပါစေ 🙏)

Canada ကိုရောက်ပြီး ပျက်ကွက်ခဲ့သော အလုပ်များကို တစ်ပတ်လောက် အသေအလဲ ဖြိုလိုက်တော့မှ အသက်ရူချောင်သွားသည်။ ပြန်ရောက်ပြီဖြစ်ကြောင်း သော်စစ်ဆီ message ပို့ခဲ့တာကလွဲလို့ အဆက်အသွယ်မလုပ်ဖြစ်ခဲ့၊ မေမေဆီကို တစ်လ ၂ခါလောက်ဆက်သွယ် ဖြစ်သဖြင့် ထွေထူးပြောစရာရှိမှ အကြီးကောင်ဆီ ဆက်သွယ်သည်လေ။

အိမ်ဆိုလို့ ဖေဖေ ဘယ်လိုနေမလဲ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စအဖြေမှန်တွေသိသွားရင်။

ဟိုဒုခအိုးလေးရော condo မှာ အဆင်ပြေရဲ့လား ။

နောက်အပတ်မှပဲ ဟိုမှာ ကျန်ခဲ့တဲ့ အတွေးရေးမှူး မျိုးကို ငွေသွားပို့ခိုင်းတော့မည်၊ မပြေစရာမရှိသည်မို့ ထွေထူးတွေးမနေမိတော့။ စားဝတ်နေရေးကအစ အဆင်ပြေအောင် စီမံထားပြီမို့။

ရှေ့ဆက်လုပ်စရာ project အကြောင်းကို မနက်ဖန် company ကြရင် ဘယ်လို ဆွေးနွေးကြမလဲ စဉ်းစားတွေးတောရင်း ပြင်ဆင်စရာရှိသော data များနဲ့ တချို့အကြောင်းအရာတွေကို main points လုပ်ရင်း စစ်ဆေးစရာ files များပါတွဲ လုပ်ကာ ဒီညအချိန်တော်တော်များများကို coffee တစ်ခွက်ဖြင့် ကုန်ဆုံးမိသည်။

" နောက် project က အန္တရာယ်ကြီးလိုက်တာ " coffee တစ်ရိူက်ငုံသောက်ရင် ဝရံတာဘက်ထွက်ကာ ကြယ်ရောင်စုံတောက်ပနေတဲ့ကောင်းကင်ပြင်ကို အကြောင်းရယ်မရှိ ဆွေးဆွေးငေးငေး တွေးတောမိကာ တစ်ခဏ မော့ကြည့်နေမိသည်။

"စိတ်ရော ၊ လူရော နှစ်မြုပ်ရအုံးမှာပါ့လား "

Europe ဘက်က ပို့သော အရည်အသွေးမှီ သည့် ဆောက်လုပ်ရေး ပစ္စည်းများကို Canada ရှိ နာမည်ကြီး ဆောက်လုပ်ရေး Constructions တွေဆီ လက်လွဲအပ်ရမည်မို့  ကိုယ်ဘက်ကအမှားမရှိအောင် ပြင်ဆင်ရမည်။ တိကျသေချာမှ ဖြစ်မည့် project မို့ ထိခိုက်မှားယွင်းမိလို့မဖြစ် ၊ ကိုယ်တိုင်တောင် အသက်ရူမမှားအောင် သေချာကိုင်တွယ်ရမည်မို့ မည်သူ့ဆီကိုမှ အဆက်အသွယ်မလုပ်ဖြစ်သေး ၊ အလုပ်ကိစ္စ၊ transportation ကိစ္စ ၊ ဝယ်လက်ဘက်မှာ ပြောရေးဆိုခွင့်ရှိသူများကို project ကိစ္စ ပြောဆိုရုံကလွဲ အားလုံးကို အဆက်အသွယ်ဖြတ်မိပြီ။  ပြန်ရောက်ရောက်ကြီး ကိုယ်တွယ်ရသည့် ကြီးမားတဲ့ project မို့ department တိုင်းကို တိကျသေချာစေရန် ၊ ထိခိုက်မူမရှိစေရန် ကိုယ်တိုင်ကြိုးစားလုပ်ကိုင်နေမိသည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာDonde viven las historias. Descúbrelo ahora