အပိုင်း(၂၁)

7K 481 37
                                    

" ကျွန်တော်....ကျွန်တော် လာဆိုချင်တယ် ဦးမျိုး...."

" ဦးမျိုးက ဝမ်းသာအားရကြိုဆိုနေမယ်..သားရေ...သားဆုံးဖြတ်ချက် သိပ်မှန်တယ်...လူငယ်ဆိုတာ ကိုယ့်သွားချင်တဲ့လမ်းကို ဘယ်လိုလျှောက်ရမလဲ အမြဲရှာဖွေနေရမယ်...ဘာအတွက်ကြောင့်နဲ့မှ စိတ်ဓါတ်မကျနဲ့...ကိုယ်ဖြစ်ချင်တာကို ဘယ်လိုအရာမျိုးနဲ့မှ တားဆီးမခံနဲ့ သား...ဦးမျိုးအားပေးနေမယ်..."

" ကောင်းတယ် ငါ့ညီ...ဆုံးဖြတ်တာ သိပ်မှန်တယ်...."

" ဟုတ်..ဟုတ်ကဲ့ပါဗျ..."

လက်မတစ်ထောင်ထောင်ဖြင့် ချီးကျုးနေသော ကိုတိုးကြီး။

" ကျွန်တော် က guitar ပဲတီးတက်တာ စင်တင်တွေဆိုဖို့ကြ နည်းနည်း.."

ဂုတ်လေးပွတ်သပ်ကာ အနည်းငယ်စိုးရွံ့စိတ်ကို ပြသနေတဲ့ လွယ်အွေ့လေးရဲ့ ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးနေသည့် မိဝေအစ်ကိုတော်စပ်သူ Seven Star ပိုင်ရှင်ဦးမျိုး။

" အဲ့ဒါတော့ မခက်ဘူး သားရ...ဦးမျိုး အဆင်ပြေအောင် လုပ်ပေးမှာပေါ့ကွ....အဓိက သား ခုလို ဆုံးဖြတ်ချက် ချတာကို အားပေးတယ်ကွာ.....လာ...လာ... Cheers! .."

ဖန်ခွက်ချင်းတိုက်ပြီး ချီးကျူးသံက ကျယ်လောင်သည့်အလား ကခုန်ပျော်မြူးနေသော ဖိုးသာထူးလေးကပါ ဖျော်ရည်ဗူးလေးကိုင်မြောက်ကာ ပျော်နေရှာသည်။

" နောက်နေ့ ကိုငယ်ကို ငါဆီပို့ပေးခဲ့ ..သာထက်..ငါ ဆိုင်က တီးဝိုင်းသမားတွေနဲ့တွေ့ပေးချင်လို့ ."

" အစ်ကိုညီမ ကို ပြောပြအုံးဗျ...တော်ကြာ ကျွန်တော့်တို့ညီအစ်ကိုတွေ ကန်ချနေမှဖြင့် ..."

" ဟာ....မိဝေက အစွမ်းထက်လှကြီးလာ....ငထက်..."

" ဟုတ်လားဟ....ငထက်က အောက်ခံနင်းပြားလေးပါကွာ...ဟားးးးးးး"

" သာထက်တို့က ချစ်တာပါဗျာ.....ချစ်တာပါ...."

တဟားဟားလှောင်ရယ်နေသော ဦးမျိုးတို့နဲ့ အဖေကို ကြည့်မရလိုက်လေခြင်း။

" ကိုကို့....ကိုကို့....ဂစ်တာတီးပြတော့လေသားကို..."

" အမ်.....အင်း..."

ကိုသာထက်တို့စကားကြောင့် သူ့တို့အပြော၊ သူ့တို့ပျော်မြူးနေဟန်ကိုကြည့်ပြီး သူငယ်ချင်း၏ အနှစ်သာရကို ဘေးကနေ ကူးစက်ခံစားနေရသည်က အမှန်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now