အပိုင်း(၅)

9.3K 695 15
                                    


( 19.6.2023 (၇၈) နှစ်ပြည့် အမေ့မွေးနေ့ အမှတ်တရ ...

                                  ကျန်းမာပါစေ အမေ🙏🙏🙏)

အင်း ..ဖြေသံကြားလိူ့ ထ ခုန်ရမလိုဖြစ်နေပြီ ၊ တေမိမင်းသားဝင်စားသလား မေးရမယ့်လူသား။

စားပွဲပေါ်တင်ထားသော အသင့်စား ပါကင်ဗူးလေးတွေ ကို သောက်စရာ ဖျော်ရည်တစ်ချို့ကိုပြင်ဆင်ရင်း ပြောနေသော ဘုန်းမာန်။

" အနီးစပ်ဆုံးဆိုင်က အမြန်ချော မှာလိုက်တာ စားရတာ အဆင်ပြေရဲ့လား "

" .........."

အင်း ၊ အဲ လုပ်သံမကြားလို့ မော့ကြည့်မိတော့ ခေါင်းညိမ့်ရွေ့သာ အကြောင်းပြန်သည်။ ဘေးဘက်က တူ အစုံကို ဖွင့်ဖောက်လို့ စားလို့ရပြီလား မေးဟန်ဖြင့် ကိုယ်ဆီ အကြည့်ကြရောက်လာတော့ ခွက်ချင်းတိုက်စရာမရှိတဲ့ ဂုဏ်ပြုလက်ခုပ်ဩဘာပေးချီးမြင့်ကြမည့် ဧည့်ပရိတ်သတ်မပါဝင်သော မဂ်လာညစာ စားပွဲ တစ်နည်းအားဖြင့် ဆိုလျှင် ကျွန်တော်တို့နှစ်ယောက်ရဲ့ နူတ်ဆက်ပွဲ အထိမ်းအမှတ် ညစာစားပွဲ။

တိတ်ဆိတ်လျှက်...။

ငေးမောဆွေးမြေ့ဖွယ် ညနေခင်းအခါဝယ်။

" စားရအောင်....."

ငါးပေါင်းသိပ်ကြိုက်တဲ့ တောင်ပေါ်သားလေးကို ငါးပေါင်းကမပါမပြီး ညစာ စားပွဲအလယ် မွှေးနံ့ကြိုင်လိူင်စွာဖြင့် ။ ငါးကြိုက်တဲ့ လွယ်အွေ့ ကိုတစ်နေ့အခွင့်ကြုံခဲ့ရင် ကိုယ်တိုင်းငါးမျှားပြီး ငါးကင်ကို ကိုယ်တိုင်ပြုလုပ်ပေး ကျွေးချင်မိ၏။

အဘယ်ကြောင့် ငါးကင်/ ငါးပေါင်းကို သည်လောက်ထိ နှစ်သက်တဲ့ ဒုက္ခအိုးလေးပါ့လား။

" စားရတာ အဆင်ပြေလား "

" အင်း...."

" ငါးကို အဲလောက်ကြိုက်သလား "

" အင်း....."

"ရော့...အရိုးမပါဘူး..."

စေတနာပိုစွာ ငါးပေါင်လေးကို သေချာစွာ အရိုးထွင်ပေးမိသည်။ ဘာကြောင့်လဲ မမေးနဲ့.....ကိုယ့်ရှေ့က ဒုက္ခအိုးလေး အရ်ိုးမစူးစေချင်တာအမှန်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now