အပိုင်း(၄၁)

6.1K 431 54
                                    


" ကူညီပါ ဘုန်းမာန်ရာ...."

" မဖြစ်နိုင်ဘူး သော်စစ်...."

" မင်းကလေးကိုပွဲထုတ်ပေးတာပါဟ...."

" မလိုဘူး ငယ်လေးကို လူအများရှေ့ solo albumဖြစ်အောင်လုပ်ပီးပွဲထုတ်တယ် ၊ ဘယ်သူ့အောင်မြင်မူကိုမှ စီးမျှောကပ်ယူပါတယ် အပြောမခံနိုင်ဘူး ...."

" အဲလိုသဘောလည်း မဟုတ်ရပါဘူးကွာ.....တဖက်ကတောင်းဆိုလာတဲ့ အဆိုတော်ကလည်း ပေါ့သေးသေးမဟုတ်ပါဘူးဟ...နာမည်ရအဆိုတော်ပါ တစ်ပုဒ်တည်းပါကွာ..."

" ငါ ခွင့်ပြုမပေးချင်ဘူး သော်စစ် တစ်ဖက်လူက ဘယ်လိုလူဖြစ်ဖြစ်ကွာ...ငါ မပေးချင်ဘူး"

" မင်းကလေးကြိုးစားသမျှအလကားဖြစ်အောင် အိမ်ထဲပဲ ထားမယ်လို့ငါမယူဆချင်ဘူး "

" မင်းအတွေးလွဲနေပြီ ....ကလေးငယ်အပေါ် ငါ ဘယ်လောက်အားနာနေခဲ့ရလဲမင်းသိတယ် အဲလ်ိုပဲ ငါအတ္တဘယ်လောက်ကြီးလဲ မင်းထင်လဲ ၊ ဖြစ်နိုင်ရင် ကလေးငယ်ကို ခေါ်ပြီး ကနေဒါမှာပဲ အခြေချနေထိုင်ချင်သည်အထိ တခါတလေ ငါတွေးဖူးတယ် ငါစိတ်ငါ့အလိုကျဆို ကလေးငယ်ကို ဘယ်သူမှမမြင်နိုင်တဲ့နေရာခေါ်သွာပြီး ငါဘဝတစ်လျှောက် ငယ်လေးဆီမြုပ်နှံပြီး နေတော့မှာ ..."

" ငါသိပါတယ်ကွာ....ဒါပေမယ့် အဲ့အဆိုတော်ကလည်း မင်းကလေးနဲ့ duet song လေး တစ်ပုဒ်လောက် ဖြစ်နိုင်ရင် solo album ထဲ ထည့်သွင်းဖို့ရာတောင်းဆိုနေလို့ပါကွာ..."

" ငါအနေနဲ့ကတော့ မပေးချင်ဘူး သော်စစ် ၊ ဒါပေမယ့် ငယ်လေးကို မေးကြည့်လိုက်မယ်..သူက ပါဝင်သီဆိုချင်တယ်ဆိုလည်း ငါတားနေမှာမဟုတ်ပါဘူး.....တစ်ခုတော့ သိထားပေး..ငယ်လေးက မင်းတို့entertainment ကနေထွက်ပေါ်လာမည့် အဆိုတော်တွေနဲ့ level မတူဘူး ၊ နောက်ပြီး ငယ်လေးကိုအလိုမကျသလို ကြည့်နေကြတဲ့ လက်ရှိအောင်မြင်နေတဲ့ အဆိုတော်တွေကို ငါကြည့်မရဘူး....တစ်ခုခုဆို ငါအဆ်ိုးလို့ မင်းမမြင်နဲ့ "

" အေးပါကွာ...ငါသိပါတယ် သူငယ်ချင်းရာ....ခုဟာကလည်း မင်းကလေးကို တမျိုးမြင်လို့ တောင်းဆိုနေတာမှမဟုတ်ပဲ ၊ တဖက်ကလည်း solo album ထွက်ဖို့ထိ ပြင်ဆင်ပြီး လက်တလော အောင်မြင်နေတဲ့ မျက်နှာသစ် အဆိုတော်တွေထဲ မင်းကလေးငယ်နဲ့ duet songလေး သီဆိုပါရစေလို့ တောင်းဆိုလာလို့ပါကွာ....သူကလည်း ဟော့ဟော့ရမ်းရမ်းထဲ မပါပါဘူး...ငါ အာမခံတယ်ကွာ.....မင်းကလေး ဘာထိခိုက်မူမှမရှိစေရဘူး....ငါကိုယ်တိုင် ကြီးကြပ်မယ်ကွာ...."

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now