အပိုင်း(၅၁)

4.7K 354 32
                                    

" ခွဲစိတ်ချိန်က သတ်မှတ်တဲ့အချိန်အတွင်းမှာပဲ အောင်မြင်ခဲ့ပါတယ် ဥက္ကဌကြီး .."

" ဆေးရုံအုပ်ကြီးတို့ကို ကျေးဇူးတင်ပါတယ် "

" ကလေးက ငယ်ရွယ်စဉ်က ခွဲစိတ်ထားတဲ့ ဒဏ်ရာဟောင်းကိုပြန်ကိုင်ရတာကတစ်ကြောင်း၊ နာကျင်မူအရှိန်ကို ထိန်းထားတာမို့ အိပ်စက်ချိန်ကြာမြင့်နေတာပါ ။ မကြာခင်သတိပြန်ရလာပါလိမ့်မယ် ဥက္ကဌကြီး "

" ဟုတ်ကဲ့ပါ Doctor"

ဆေးရုံကုတင်လေးပေါ်ဝယ် အိပ်စက်နေပါသောချစ်ရသူကို မျက်တောင်မခတ်တမ်းကြည့်ပြီး ရင်ထဲက နာကျင်ခြင်းတို့ကြောင့် အသံတိတ် မျက်ရည်ကြည်တို့ဝေ့ဆင်းခဲ့ရသည်။ ကလေးငယ်လက်ဖမိုးလေးကိုသာ အသာအယာထိတွေ့ပြီး ကလေးငယ်ကုတင်လေးပေါ်ခေါင်းလေးမှောကာ ကလေးငယ်အခြေအနေအား ဖေဖေတို့ဆီ တင်ပြနေသော ဆေးရုံအုပ်ကြီးတို့ကိုလည်း ခေါင်းမော့ကာ မနူတ်ဆက်နိုင်ခဲ့ပါ။

ခွဲစိတ်ချိန်ကြာမြင့်လာတာနှင့်အမျှရူးမတက်ခံစားခဲ့ရသော သောကဝေဒနာတို့သည်ကား ခွဲစိတ်ခန်းတံခါးပွင့်လာကာ အောင်မြင်စွာခွဲစိတ်ပြီးစီးကြောင်း အကြောင်းပြန်လာသော လက်ထောက်ဆရာဝန်လေးအဖြေအား ခေါင်းညိတ်ကာ ကျေးဇူးစကားဆိုနေမိသည်သော်လည်းကလေးငယ်ခန္ဓာမမြင်တွေ့ရသရွေ့ တရိပ်ရိပ်လိူင်တက်နေသော စိုးရိမ်သောကတို့ကို မတွန်းလှန်နိုင်ခဲ့ပါ။

ကလေးငယ်ထွက်လာမည့် ခွဲစိတ်ခန်းလေးရှေ့ကိုသာ စိုက်ကြည့်ပြီး ဆရာဝန်တစ်စုမှတွန်းကာ သယ်ဆောင်ပေးလာသည့် အိပ်စက်နေသည့်ချစ်ရသူကြောင့် ယောကျာ်းတန်မဲ့ စီးကျလာသော မျက်ရည်တို့ကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ဖယ်ရှားလိုက်မိပြီး ကလေးငယ်နားခိုရာ လေးထပ်မြောက်က vip အခန်းဆီသို့ ။

" မေမေ အိမ်ပြန်နားတော့မလား...."

" သားငယ် သတိရတာ မြင်ချင်သေးတယ် သားကြီး.."

" စိတ်ချရတဲ့အခြေအနေပါ မေမေရ...မေမေကျန်းမာလည်း ကိုယ့်ကိုကိုယ်စောင့်ရှောက်ရမယ်လေ .."

" အေးပါ....သားညီကိုလည်း ကြည့်ပေးပါအုံး... "

" စိတ်ချပါ အန်တီ ကျွန်တော်ရှိနေအုံးမှာပါ ..."

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာOù les histoires vivent. Découvrez maintenant