အပိုင်း(၅၄)

5.7K 273 19
                                    


ရခိုင်ပြည်နယ် စစ်တွေမြို့ကို Air Asia လေကြောင်းလိုင်းဖြင့် ဖခမည်းတော် ဦးဘုန်းမောင်စီစဉ်ပေးမူကြောင့် အဖွဲ့သားအားလုံး ပျော်ရွှင်စွာ ရောက်ရှိလာခဲ့ပြီ။

ကလေးငယ်ဆန္ဒရှိသလောက် လည်ပတ်ခဲ့ပါဆိုတဲ့ ဦးဘုန်းမောင်ရဲ့ တစ်ချက်တည်းသောအမိန့်စကားတို့အား ဘုန်းမြတ်ဟန် သဘောတကျရှိလှ၏။ သမီးငယ်လေးဖြင့် ခရီးထွက်ကြမည်ဆိုစဉ်က အဆင်ပြေပါ့မ လားဟု စိုးရိမ်စိတ်ဝင်ခဲ့သောလည်း စစ်တွေမြို့ရောက်သည်အထိ ဝန်းကျင်အနှံ့ကို မျက်ဝန်းလေး ပြူးကြောင်ကာ လှည့်ပတ်ကြည့်ရူ့နေပါသော သမီးငယ် ဘုန်းမြတ်သိင်္ဂသော်ကိုကြည့်ပြီး တစ်ဖွဲ့လုံး ဩချနေကြရသည်။ ကလေးထိန်းတစ်ယောက်ပါအဖော်ထည့်ပေးလိုက်သည့် မေမေဒေါ်မေကြည်ဟန်က မြေးငယ်ကိုစိတ်မချဘူး ဟုဆိုကာ အိမ်တော်မှ နာနီတစ်ယောက်ထည့်ပေးသောကြောင့် ဘုန်းမြတ်ဟန်တို့လင်မယားအတွက် အစစအရာရာအဆင်ပြေချောမွေ့နေခဲ့ပြီ။

" မီးငယ်ရေ.....သမီးလေး.."

" အဲ့....အဲ့..."

" ဟုတ်ပါ့....ဖေ့သမီးက ပျော်နေတယ်ပေါ့..ဟုတ်လား..."

" အွမ်း...ဘာ...ဘာ..ပါ...."

" ဟုတ်တယ်တဲ့ကိုရေ....."

ကိုကိုကြီးတို့မိသားစု၏ ချော့မြူသံလေးကြောင့် တဖွဲ့သားလုံး သမီးငယ်ကို ပွေ့ဖက်နမ်းကြူမိသည်အထိ ချစ်စရာကောင်းနေပြန်သည်။

" ကိုကို....ဟိုကြသားနဲ့ ဘောလုံးကန်မယ်နော်.."

" အင်း..."

" သားနဲ့အတူ စက်ဘီးစီးကြမလား..."

" မစီးတက်ဘူး..."

" ဟားးးးးကိုကို့ကတကယ် မစီးတက်ဘူးလား...."

" အင်း..."

" ကိုကို့လူကြီးက သားကိုကြည့်နေတယ်..ဆူမလို့လားမသိဘူး ..."

" ဖိုးသာထူးကိုဆူမယ့်သူ ဒီခရီးမှာ တစ်ယောက်မှမရှိဘူးနော်....ဘာမှမဖြစ်ဘူး..."

" ဖိုးသာထူး ဘာကပ်ပြောနေတာလဲ..."

" အမေကလဲ ..သား ကိုကိုအနားနေချင်လို့ဟာကို...."

" တိတ် ..ကလေး ..ကလေးလိုနေ.."

"သူက ဘာမှမပြောပါဘူး...."

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now