အပိုင်း(၂၇)

7.1K 505 40
                                    


" ရှေ့က ခြံပဲ ဘုန်းမာန်"

သော်စစ်မေးဆတ်ပြသည့် အုတ်တံတိုင်းတဝက်ခန့်သာထားပြီး သံတိုင်တွေနှင့်အပေါ်ဘက်ကသွပ်ဆူးလိပ်များကိုယက်ကာထားသောကြောင့် ခြံတွင်းရှိ အရာများကို အဝေးကပင်ကောင်းစွာမြင်နေရသည်။

မကြီးကျယ်လှသော အိမ်မြင့်လေးက ခြံရှေ့နားကပ်လျှက်တည်ရှိပြီး အရိပ်ရမန်ကျည်းပင်ကြီးက ဖြာကျနေသောအရိပ်ကြောင့် သဘာဝအလျှောက်အတော်အေးချမ်းမည်ထင်ရ၏။

" ဒီလိုနေရာလေးမှာ ငယ်လေးနေနေရတာပါ့လား "ဟုသော မချင့်တကဲဝမ်းနည်းစိတ်တို့က မိမိအမှားကြောင့်ဟု လက်ညှိိုးထိုးပြရပေမည်မဟုတ်ပါလား။

ကိုယ်တိုင်သည်က ရက်စက်ခဲ့မိ၏။

" ငါ ဝင်တွေ့ချင်တယ် ...သော်စစ်"

" ဖြစ်ပါ့မလား.."

" ငါ တွေ့ရမှာ ဖြစ်မှာမို့ ...."

"သဘောကွာ...."

အဖြူရောင် Toyota fortuner Legender အဆင့်မြင်ဇိမ်ခံကားလေးပေါ်မှဆင်း၍ မိမိရှေ့ရှိ ကလေးငယ်နေထိုင်ရသည့် အိမ်အမြင့်လေးဆီ နောင်တတို့ဖြင့် ဒူးဖက်ကာ တောင်းပန်နေရပါစေ* ဝင်တွေ့မည် စိတ်ကိုတင်းကာ ဝင်တွေ့မိ၏။

သော့ခတ်ထားခြင်းမရှိတဲ့ ခြံဝန်းသံပန်းတံခါးလေးကို အသာအယာတွန်းဖွင့်ကာ ခြေချမိသည်။

" အိမ်ရှင်တို့ ...."

တိတ်ဆိတ်နေသော အိမ်မြင့်လေးဆီမှ ငယ်လေးပုံရိပ်လေးများတွေ့ရနိုးနိုးဖြင့် ရှာဖွေကြည့်မိသော်လည်း ...။

" ဟုတ်ကဲ့...ဘာကိစ္စလဲမသိဘူး"

ဟင်းချက်နေရင်းတန်းလမ်း အိမ်ရှေ့ဆီက ခေါ်နေသံကြောင့် မိဝေတစ်ယောက် ခပ်ပြာပြာ လက်သုတ်ဝတ်လေးဆွဲယူကာ ထွက်၍ ကြိုဆိုနူတ်ဆတ်နေမိသည်။

မိမိအိမ်ရှေ့လှေကားခြေဆင်းလေးထိရောက်နေသော မိမိတို့မမြင်ဖူးသော အသွင်ရှိ သေသပ်စွာဝတ်ဆင်ထားတဲ့ ထိုပုဂ္ဂိုလ်က မည်သူနည်း။

မိဝေတို့အသိထဲက ဟုတ်မည်မထင်သောကြောင့် ပြုံးပြလျှက်သား မေးမြန်းမိ၏။

" ဒါ...ကိုသာထက်တို့အိမ်လားဗျ"

" အော် ဟုတ်ကဲ့...."

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာDove le storie prendono vita. Scoprilo ora