အပိုင်း(၂၆)

7.2K 540 77
                                    


" ငါက တောင်ပေါ်မှာ ကြီးပြင်းလာခဲ့တာပါ ...အဖေက ငါ၂နှစ်သားကကွယ်လွန်ခဲ့ပြီး အမေက ငါ ၁၇ နှစ်သားမှာ ကင်ဆာနဲ့ ဆုံးပါးခဲ့တယ်။ ဖေကြီးတို့မိသားစု နဲ့က ငယ်ကတည်းတောင်ပေါ်မှာ အတူကြီးပြင်းလာပြီး သူတို့မိသားစု ရန်ကုန်ပြန်ရောက်တော့ အဆက်အပြတ်ခဲ့တယ်။ အမေ ဆုံးခါနီးမှပြန်တွေ့ကြပြီး ဖေကြီးတို့ဆီ ငါကို အပ်ခဲ့ထားကာ တမလွန်ကူးသွားခဲ့တယ်။ ကျေးဇူးကြွေးလို့ဆိုရမလား...ငါတို့ငယ်သံယောဇဉ်ကြောင့်ပြောမလား ဖေကြီးတို့က မွေးစားသားအဖြစ်လက်မခံပဲ သား,သားမက်အဖြစ် သူတို့သားအငယ် ကိုပြေ့ဘုန်းမာန်နဲ့ လူကြီးတွေကနေရာချပေးခဲ့ကြတယ်...."

" အင်း....."

" အဲ့လူကရော ..ခု ဘယ်မှာနေလဲ "

" ကနေဒါ.."

" လမ်းခွဲခဲ့ကြတာလား "

" အင်း...."

"ငယ်ငယ်လေးကတည်းက အတူကြီးပြင်းလာတာဆို....ဘာလဲ ?သူက အရမ်းချမ်းသာလို့ ငါ့မောင့်အပေါ် အဆင့်အတန်းခွဲခြားတာလား....ဟုတ်လား...."

" မိဝေ!....." ဘူမသိကိုးမသိ ဇွတ်ပွမ်နေတဲ့ မိဝေကတော့ ကိုငယ်အပေါ်စိတ်ဆိုးဖို့နေနေသာသာ ကိုငယ်အစား တစ်ဖက်မိသားစုကိုအမူန့်ကြိတ်ချင်နေပုံ ဟန်ပါမာန်ပါနေသော စကားတို့နဲ့ ပြောဆိုနေတဲ့ ကျုပ်မိန်းမ လူရိုးလူအ, အညာသူကြီး မိဝေ။

ခင်မင်တွယ်တာလွန်းတဲ့ မိဝေက ကိုငယ်အပေါ် သွေးသားရင်းခြာ မောင်နှမတွေအလား လွယ်အွေ့ခံစားခဲ့ရတာအတွက် မကျေနပ်စွာဒေါသတကြီး စိတ်ဆိုးနေပြန်သည်။

အော်! သံယောဇဉ်ကြီးမားလိုက်တဲ့ ငါ့မိန်းမပါ့လား....သနားစရာမိဝေလေး!....

" အင်း....သူက အရမ်းနာမည်ကြီးတယ်...မိသားစုနဲ့အတူမနေပဲ ကနေဒါမှာပဲ နေတာ...အဲ့မှာပဲ တကယ့်အောင်မြင်တဲ့ သူဌေးကြီးပေါ့ ..."

" သူ့ဘာသာသူ ..သူဌေးဖြစ်ဖြစ်..ခွေးဖြစ်ဖြစ် ကျုပ်စိတ်မဝင်စားဘူး....ဒါဆို ဘယ်လိုလုပ် လက်ထပ်ဖြစ်ခဲ့ကြလဲ..."

မိဝေအမေးစကားကြောင့် ခံစားချက်ကို သိုသိပ်ကာ အားငယ်ညှိုးလျော့နေတဲ့မျက်နှာလေးဖြင့် အောက်ကိုငုံ့ကာနေလေတဲ့ လွယ်အွေ့လေးကြီး မိဝေကိုသာ အပြစ်တင်နေမိသည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now