အပိုင်း(၃၆)

6.3K 457 74
                                    


Company ပြန်နေတဲ့လမ်းတစ်လျှောက် ကားအတွင်းမှနေ၍ ငယ်လေး ဖြေဆိုမူနဲ့ပတ်သတ်ပြီး ဖခင်၏ မေးမြန်းချက်တွေကို တစ်ခုမကျန် တင်ပြနေရတဲ့ CEO ဘုန်းမြတ်ဟန် တစ်ယောက် ထိုညိုးငယ်နေတဲ့ မျက်ဝန်းငယ်တို့အကြောင်းတော့ ထိမ်ချန်ထားမိသည်။

ကိုယ်မြင်သမျှကိုသာ ဖခင်အား အလုံးစုံတင်ပြလိုက်မိရင် ဖြစ်လာမည့်အကျိုးဆက်က မည်သိုဖြစ်မည်နည်းဆိုတာ သိထားပြီးသည်မို့ ကိုယ်တိုင်သာ ရှာဖွေရန်ကြိုးစားရတော့မည်။ အကယ်၍ ငယ်လေးစိတ်ဒဏ်ရာကို နိူးဆွစေမိသည့် အပြောအဆိုအပြုအမူ တစ်ခုခု ကြုံတွေ့လာခဲ့ပါလျှင် မည်သည့်နည်းနဲ့မှ ခွင့်လွတ်မပေးနိုင်ပါ ။

ဖခင်ဖြစ်သူ ဦးဘုန်းမောင်၏ သွေးသားဖြစ်သညိ့အလျှောက် ကိုယ်ချင်းစာတက်အောင် တန်ရာတန်ကြေး ပေးဆပ်ခိုင်းမည်လေ ။

" ခင်များ ဘယ်လိုမြင်လဲ ကိုသ်ိန်း...လူတွေ့ဖြေခန်းထဲမှာငယ်လေး တခုခု ကြားခဲ့ရတယ်လို့ ကျွန်တော်ထင်နေတယ် "

" ဟုတ်ကဲ့ ဆရာ...ကျွန်တော်အထင် လူတွေဖြေဆိုကြမယ့် ကလေးတွေကများ တစ်ခုခု ပြောလိုက်ပုံရမယ် "

" အွင်း...ဖြစ်နိုင်ခြေရှိတာကို တွေးရမှာပေါ့ ဒါနဲ့ ကိုသိန်းလူတွေကို တစ်ချက် ကြည့်ခိုင်းပေးပါ cctv record ဖြစ်ဖြစ်ပေါ့ သူများ company law ကို ချိုးဖျက်ရတာဆိူပေမယ့် ရအောင်တော့ ယူထားချင်တယ် ...ကျွန်တော် ငယ်လေးရဲ့အပြုအမူတွေကို သိပ်အကြိုက်ဘူးဗျ...တခုခုဖြစ်နေတယ် ခံစားရလို့ "

"အတက်နိုင်ဆုံး ကြိုးစားပေးပါမယ် ဆရာ.."

" ခုကိစ္စကို ဖေဖေဆီ ဘယ်လိုမှရောက်လို့မဖြစ်ဘူး ကိုသိန်း ...လျို့ဝှက်ပါစေ..ခင်များလည်း လူလုံးထွက်ပြမရဘူးနော် ...ဘုန်းမာန်လူတွေနဲ့ ဖေဖေလူတွေကြား ကျွန်တော်တို့ ကြားညှပ်နေလိမ့်မယ်...ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ ယူပေး..."

" ဟုတ်ကဲ့ဆရာ..အကယ်၍ တစုံတဦးဆီက သတင်းကြားရရင်ရော..."

" ကျွန်တော်ကိုယ်တိုင်အပြစ်ပေးမယ် ...ဖေဖေတို့သားအဖ ထက်တော့ ခံစားရသက်သာမှာပါ "

" ဟုတ်ကဲ့ပါဆရာ..."

" ကားထဲက ကိစ္စရပ်ကို ကားထဲမှာပဲ ထားခဲ့ပါ ကိုသိန်း နံရံတိုင်းမှာနားရှိလို့ သတိထားစေချင်တယ် "

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now