အပိုင်း(၃၀)

8K 540 48
                                    


" အိမ်....အိမ်ပြန်ချင်တယ်...."

" အင်းပါ...ပြန်ရမှာပေါ့ ကလေးရယ်.....ကိုယ့်ကို ဒုတိယအကြိမ် အခွင့်အရေးလေးပေးပါ..."

ကိုယ်တောင်းဆိုသမျှစကားလုံးတိုင်း လက်လေးနှစ်ဖက်ကို ကုတ်ခြစ်၍ ခေါင်းလေးငုံ့ကာ ခေါင်းညိတ်/ခေါင်းခါ ခြင်း မပြသခဲ့ပါသော ကလေးငယ်ရဲ့ နာကျင်ခြင်းက အနယ်ထိုင်နေခဲ့ရပြီ မဟုတ်ပါလား။

ချက်ချင်း ခွင့်လွတ်ပေးဖို့ထက် ကိုယ့်တောင်းပန်မူလေးကို ခေါင်းညိတ်ပြရန် လိုအပ်သည်မို့ ...။

" ငယ်လေး..."

ဒုတိယအကြိမ် မျှော်လင့်ခြင်းမျက်ဝန်းညိုတွေနဲ့အတူ မော့ကာတောင်းဆိုလာတဲ့ ချစ်ရသူကြောင့် အနှစ်နှစ်အလလက ခံစားခဲ့ရသော အတိတ်ဆိုးတွေ တခဏတွင်းပျောက်ကွယ်သွားသလို ထပ်မံဆုံကျလာသော တောင်းဆိုမူ မျက်ဝန်းအကြည့်တွေကြောင့် တညိမ့်ညိမ့်ခုံလူပ်နေသော နှလုံးသားရယ်ကြောင့် အရှက်မဲ့စွာပင် ညာလက်လေး ရှေ့ထုတ်ပေးမည့်အတွေးများက ရက်စက်သူကြီးရဲ့ တောင်းပန်ခြင်းက်ို နှလုံးသားကအမှတ်မရှိ လက်ခံပေးဖို့ အတွင်းစိတ်က တွန်းအားပေးနေသရောင်....။

"........"

ဒူးထောက်နေသော ချစ်ရသူကြီးက နူတ်ဆိတ်ကာပင် မျက်ဝန်းညိုတို့ရဲ့တောင်းဆိုနေဟန်၊ ရှေ့ဆက်တိုးဖို့ ကြောက်လန့်နေသော ဒွိဟစိတ်တွေရဲ့ အနိုင်/အရူံး ဆုံးဖြတ်မူတွေကြားက ချစ်ရသူကြီးရဲ့ရှေ့ ဘယ်လက်လေးအား ဆန့်၍ ထုတ်ပေးနေမိသည်။

" .........."

" ကျေးဇူးပါကလေးရယ်....ယခုကစ နာကျင်ခဲ့ရသမျှအရာရာ ပြေပျောက်စေအောင် ဒီကိုကိုက ဖန်တီးပေးမှာမို့ အရာရာ ငယ်လေးစိတ်တိုင်းကျ ဖြစ်စေရပါ့မယ်။ မည်သူတစ်ဦးတစ်ယောက်ရဲ့ ဖိအားပေးခြင်း မခံရဘဲ ငယ်လေးတစ်ယောက်တည်းကို သေတပန်သက်တဆုံး ချစ်ခင်ကြင်နာပါ့မယ်၊ ရိုးမြေကြပေါင်းသင်းပါ့မယ် ကလေးရယ်...."

လက်စွပ်ဝတ်ခြင်းခံထားရတဲ့ လက်ဖမိုးလေးကို အနမ်းဖွဖွခြွေလျှက် နှစ်ကိုယ်ကြား ကတိသစ္စာတွေ ထပ်ပေးနေပြန်တဲ့ ချစ်ရသူကို ယုံကြည်သည်မဟုတ် ကျန်ရှိနေတဲ့ သံယောဇဉ်လက်ကျန်လေးကြောင့် မမှိတ်မသုန် တောင့်တောင့်လေးရပ်ကာ ခေါင်းလည်း မညိတ်ခဲ့ပါ။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now