အပိုင်း(၃၇)

6.7K 515 77
                                    


" ကိုကို "

အခန်းပြင်ပဆီက အော်ဟစ်သံများကြောင့် ကိုယ့်ကြောင့်များလား ဆိုတဲ့ စိုးထိတ်မူတွေနှင့်အတူ အခန်းတံခါးကို တွန်းကာ ဖွင့်မိတော့ ဒေါသကြီးပြီး ခက်ထန်သော မျက်နှာဖြင့် စာရင်းအင်းဌာနက အစ်မတစ်ယောက်ရဲ့လည်ပင်းကို ညှာတာခြင်းမရှိဆုပ်ကိုင်ထားတဲ့ ကိုကိုပြေ့ဘုန်းမာန်က ဘာကြောင့် ဒေါသတကြီး တုန့်ပြန်နေတယ် မသိခဲ့ပါ။

အထက်လူကြီးက ဌာနတွင်း နှိပ်စက်နေသည်ဟုသော ခေါင်းစဉ်ဖြင့် ပြောဆိုခံရနိင်သောကြောင့် ချစ်ရသူ၏ ဒေါသကို တားမြစ်နိုင်စေရန် အသံပေးမိသည့် လွယ်အွေ့လေး။

"ငယ်လေး...ကလေးလေး..."

ကလေးငယ်ငယ်လက်လေးကိုဆုပ်ကိုင်ကာ ဒေါသဖုံးလွှမ်းနေသော စိတ်အစဉ်ကိုအေးချမ်းစေသည့် ခေါ်ဝေါ်သံလေးကြောင့် ဒုန်းခနဲ မြည်အောင်ဆွဲပိတ်ခြင်း ခံလိုက်ရသော တံခါးပြင်ပ၌ မညှာမတာဖြတ်ရိုတ်ခံလိုက်ရသည့် မိန်းမငယ်လေးတစ်ယောက် ငိုယိုနေသည်ကို စိတ်မကောင်းနိုင်ပေမယ့် ဘာမှလုပ်မပေးနိုင်ခဲ့။

အစကတည်းကက သတိပေးထားခဲ့သော Boss ရဲ့ sensitive ဖြစ်ဆုံး အရာကိုမှ Mrs.Grace က ထိပါးခဲ့သည်မို့ ထိရောက်စွာ အရေးယူခြင်းခံရသည်မဟုတ်ပါ့လား။ Mann Group ရဲ့ ဝန်ထမ်းတိုင်း သတိကြီးကြီးထားကာ နားစွင့်နေရမည့် ယနေ့အဖြစ်အပျက်ကို နမူနာယူကာ မဆိုင်ရင် မဆိုင်သလိုနေ၍ အလုပ်ကြိုးစားရန်သာ ဖြစ်၏။

" ကိုဇေယျာ..."

ငိုယိုနေတဲ့ Grace ကို PAဖြစ်သူထံ လွဲပေးခဲ့သည့် လုပ်ပိုင်ခွင့်ကြောင့် အနီးရှိဝန်ထမ်းတိုင်းက ခေါင်းငုံ့ကာ ရပ်နေမိကြသည်။

အတန်တန်သတိပေးထားတဲ့ကြားက သူလွန်ခဲ့သည်မို့ သူဌေးရဲ့ အပစ်ပေးခြင်းခံရသော Grace.

" ငါလည်း မကူညီနိုင်ဘူး ..."

" Boss က ဘာလို့ခုလိုလုပ်ရတာလဲ သိချင်တာ...အဲ့တစ်ခုဖြေပေးပါ "

" နင်ပြောဆိုခဲ့တဲ့ ကလေးက Bossရဲ့ဆိုင်သူလေ ..."

" ဗျာ....."

" ရှင်....."

ရိုတ်ခံထိထားသော ပါးလေးကိုင်ကာ မျက်ရည်တွေ စီးကျနေတဲ့ Mrs.Grace ကို မည်သူ့မှ သနားငဲ့ညှာခြင်း အလျင်းမရှိခဲ့။ မည်သို့ပင် ဆိုစေ Mann Group ရဲ့ ပဲ့ကိုင်ရှင် CEO ဟာ အမျိုးသားတစ်ယောက်နှင့်လက်ထပ်ထားတယ်၊ ဆိုင်သူလေးက အားနည်းချက်ရှိသည်မို့ အနည်းအကျဉ်းသော Biography ကိုချပြပြီး မည်သည့်နည်းဖြင့် ဖြစ်စေ သူဌေးရဲ့အိမ်ထောင်ဖက်ကို စော်ကားခြင်း မပြုရ၊ အပြောဆိုဖြင့်သော်လည်း မဖော်ပြရဟူသော သတိပေးစကားတိုင်းကိုMann Group မှာ အလုပ်ဆင်းစကတည်းကကြားဖူးနားဝရှိသော် စကားမို့ အားလုံးကသိသာသိစေ မဖွင့်ဟနဲ့ဆိုတဲ့အတိုင်း သူဌေးလေးရဲ့ဆိုင်သူကို အရိုအသေပေးကာ ဆက်ဆံခဲ့တဲ့ PA ကိုဇေယျာကိုယ်တိုင်က မိမိအနားရှိဝန်ထမ်းတိုင်းကို တိုးတိုးတမျိုး/ ကျယ်ကျယ်တမျိုး သတိပေးကာ ဆုံးမထားလျှက်ရှိသည်မို့ ။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now