အပိုင်း(၁၀)

9K 668 26
                                    


အိမ်ကိုအရေးတကြီးသုတ်ပြာ ဖြင့် မျက်နှာမကောင်းစွာ ပြန်လာသော သားကြီးကိုကြည့်ပြီး မိ င်ဖြစ်သူ ဒေါ်မေကြည်ဟန်က ရင်ဘတ်လေးအသာဖိနေမိသည်။

" သား...သားကြီး.."

မကောင်းတာ ဖြစ်ခဲ့သလား၊ မကောင်းတာ ဖြစ်တော့မှာလား မသိပေမယ့် ပျက်ယွင်းနေသော သားကြီး မျက်နှာကို ကြည့်ပြီး သားကြီး အနားသွားတာ လက်ကလေးဆုပ်ကိုင်လို့ မေးမိသည်။

" ဖေ....ဖေဖေ...ရော မေမေ "

" သား.....သားကြီး မကောင်းတာ တစ်ခုခု ဖြစ်ခဲ့လို့လား ဟင် "

" မဟုတ်ပါဘူး မေမေရ စိတ်မပူနဲ့နော် "

" မေမေ စိတ်ပူတယ်သားရယ် ၊ မေမေကို ပြောပါအုံး မင်းညီကလည်း ခုထိ မေမေတို့ဆီ အဆက်အသွယ်မလုပ်ဘူး သားကြီးရယ် သားငယ်လေးလည်း ပေါ်မလာဘူး ၊ သူတို့လေးတွေ အဆင်မပြေကြလို့လားကွယ် မေမေ့ရင်ပူလိုက်တာ သားရယ် မေမေ့ကိုပြောပါကွယ်"

ချည်ပဝါလေးခြုံထားပြီး လက်ထဲကစိပ်ပုတီးလေးကိုင်ကာ ပျက်ယွင်းနေတဲ့ မေမေ့အမေး စကားတွေကြောင့် ဘုန်းမြတ်ဟန် ကိုယ်ဟန်ကိုတစ်ချက်ပြန်ထိမ်းပြီး မေမေ့ကို ဟန်ဆောင်ပြုံးပြရင်း ခေါင်းခါနေမိသည်။

" မေမေ.."

စိတ်မချခြင်းများစွာဖြင့် သားသမီးတွေအတွက် ရတက်မအေးတဲ့ မေမေကိုကြည့်ပြီး သနားလွန်းလို့ မေမေကို အသာချော့ခေါ်ကာ ဧည့်ခန်းထဲက ဆိုဖာပေါ် အသာ ထိုင်ခိုင်းမိသည်။ အိမ်ကကောင်မလေးကို ရေ တစ်ခွက် ခပ်ခိုင်းပြီး မေမေကို စိတ်ဖြေဖို့ အသာချော့နေမိသည်။

" စိတ်မပူပါနဲ့မေမေရယ် နော် ....ရေလေး သောက်လိုက်အုံး "

အိမ်ကကောင်မလေး ယူလာပေးသော ရေဖန်ခွက်လေးကို ကိုင်ပြီးဂရုတစိုက်မေမေဆီ ကမ်းမိသည်။ တစ်ငုံသောက်ပြီး အမောပြေနေဟန် ပြသည့်မေမေကို လက်ကလေးဆုပ်ကိုင်ပြီး ပြုံးပြမိသည်။ အပေါ်ထပ်က ဆင်းလာသော ခြေအစုံတို့ကြောင့် ဖေဖေ လာနေပြီဆိုတာ သိရ၍ အပေါ်ထပ်ကိုမော့အကြည့် ပုံမန်ထက်တည်တင်းနေသော ဖေဖေ မျက်နှာထားတို့ကြောင့် ကိုယ်တစ်ချက်တွန့်သွားမိပြီ။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now