ညဥ့်နက်သထက် နက်လာသည်နဲ့ အမှောင်ထုကြီးစိုးလာသလို
လူသားတို့ကလည်း အနားယူကြဖို့ ဆိုင်းပြင်နေကြပြီ
ကြီးကျယ်ခမ်းနားလှတဲ့ ရှောင်းအမတ်ကြီးရဲ့
အိမ်တော်မှာလည်း ထိုကဲ့သို့ပင်
အဆောင်တိုင်လိုလိုပင် မီးအလင်းရောင်ပင်မရှိတော့
တိတ်ဆိတ် အေးဆေးလွန်းလှသည်
သို့သော် အိမ်ဝိုင်းတစ်ခုလုံးရဲ့ အလည်တည့်တည့် အချက်အချာကျကျမှာ ရှိနေတဲ့ ပင်မဆောင်မှာတော့
မီးအလင်းရောင် မှိန်ပျပျလေး ရှိနေခဲ့သည်
ရှောင်းအမတ်ကြီးရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူလေး မအိပ်စက်သေးဘူးဆိုတဲ့သဘော
အဆောင်ရဲ့ အပြင်တံခါးနားက အနီးကပ်အစေခံလေးကတော့ တဝှားဝှားသန်းနေလေပြီ
သူ့ရဲ့သခင်လေး မအိပ်စက်သေးမှတော့ သူကဘယ်လိုအိပ်ရဲသေးမှာလဲ"ရှောင်းပိုင် "
သခင်လေးရဲ့ ခေါ်သံအေးအေးမှာ အိပ်ချင်တာကို ဘေးချိတ်ကာ
အမြန်ပင် အသံပေးရတော့သည်"ဘာအလိုရှိလို့ပါလဲ သခင်လေး "
"စာရေးပစ္စည်းတွေ လာသိမ်းလို့ရပြီ "
ရှောင်းပိုင်တစ်ယောက် ဝမ်းသာအားရပြုံးတော့သည်
နောက်ဆုံးတော့ သူ့သခင်လေး စာရေးခြင်းအမှုပြီးလို့ အိပ်စက်တော့မှာမဟုတ်လားသခင်လေးဟာ ဒီစာကို သူ့သူငယ်ချင်းမလေး အတွက် ညနေကတည်းက ရေးနေခြင်း
ခုညလယ်လောက်တောင် ရောက်နေပြီ
အရင်းနှီးဆုံး သူငယ်ချင်းမလေးက နန်းတွင်းဝင်တော့မှာဆိုတော့
ဘယ်လောက်မှာချင်နေတာများလိုက်မလဲရှောင်းပိုင်လည်း သူ့သခင်လေး ခိုင်းတဲ့အတိုင်း အကုန်သိမ်းပေးပြီးနောက် အိပ်စက်ဖို့ အိမ်ရာပါပြင်ပေးလိုက်သည်
သခင်လေးဟာလည်း သူပြင်ပေးတဲ့အိပ်ရာမှာ သက်တောင့်သက်သာ လဲလျောင်းလိုက်ပြီး
"မနက်ကျရင် လျှိုအိမ်တော်ကို စောစောသွားမယ် ပြင်ဆင်ထားပါ "
"ဟုတ်ကဲ့ သခင်လေး "
မျက်လွှာချကာ မှေးစက်သွားပြီးဖြစ်သော သခင်လေးအား ငေးရင်း
ရှောင်းပိုင် ပြန်ဖြေခဲ့သည်
YOU ARE READING
Tell Me Honestly [Complete]
Historical Fictionရိုးရှင်းလွန်းတဲ့ ရှောင်းသခင်လေးနဲ့ မပွင့်လင်းတတ်တဲ့မင်းကြီးဝမ်တို့ရဲ့ ဇာတ်လမ်းလေး