Part 27

3.9K 335 13
                                    

ရှောင်းကျန့်က မလျှော့သောဇွဲနဲ့ နောက်နေ့မှာလဲ နန်းတော်ကို ရောက်လာပြန်တယ်
အရှင့်ကိုလိုက်ဖို့က စိတ်ပိုင်းဖြတ်ပြီးပြီမို့
တခြားလူတွေနဲ့ပတ်သက်ပြီး များများ မတွေးတော့ဘူး
ကြင်ယာတော်သုံးပါးရှိလဲ ဘာအရေးလဲ
အရှင့်က သူ့ကိုချစ်နေသေးတယ်ဆိုတာ သိထားတာပဲဟာ

ကိုယ့်ကိုယ်ကိုယ် အားပေးရင်း အရှင် ညီလာခံကနေ ပြန်လာမယ့် လမ်းမှာ စောင့်နေမိသည်
ဒီနေ့မှာတော့ ဟန်နိုင်ငံက ဝယ်လာတဲ့ စာအုပ်တွေကို အကြောင်းပြလို့ပေါ့

ညီလာခံက အပြန် ညီတော် ဝမ်အန်းဆီ သွားမယ်လို့တွေးထားတဲ့ ဝမ်ရိပေါ်ဟာ
လမ်းချိုးလေးမှာ ရပ်နေတဲ့ လူသားလေးကို တွေ့အခါ
အရေးကိစ္စအဖုံဖုံကို ခေတ္တ ဆိုင်းငံ့ထားလိုက်ပြီး ထိုလူသားလေးဆီသာ ဦးတည်သွားတော့သည်
နောက်ပါးဆီမှ ကပ်ပါလာတဲ့ အထိန်းတော်ကြီးအား တွေ့တယ်မလားဆိုပြီး
မျက်နှာရိပ်နဲ့ ဂုဏ်ဆာပြလိုက်ဖို့ကလည်း မမေ့

"ရှောင်းသခင်လေးက ဒီမှာ ဘာလို့ရှိနေတာလဲ "

အရှင့်ကိုမြင်လို့ဝမ်းသာကြည်နူးစွာ  ဖြစ်တည်လာတဲ့ ရှောင်းကျန့်မျက်နှာက အပြုံးနုနုတို့ဟာ အရှင့်စကားကြောင့်ပဲ မှေးမှိန်ရသည်
အရှင်က သူ့ကို မလိုလားတော့လို့များလား

"အရှင့်ကို လာစောင့်တာပါ
ဟန်နိုင်ငံက စာအုပ်တစ်ချို့ ဝယ်လာခဲ့တာ
အရှင့်ကို ဖတ်စေချင်လို့ "

လက်ထဲမှ စာအုပ်အချို့အား အထိန်းတော်ကြီးဆီ လက်လွှဲပေးလိုက်ပြီးနောက်
အရှင့်ရဲ့ မျက်နှာတော်ကို အကဲခတ်လိုက်တော့
တည်ငြိမ်လွန်းတာကြောင့်
သဘောကျလား မကျလားဆိုတာတောင်
ခန့်မှန်းမရ

"ဟန်နိုင်ငံမှာ ပျော်ခဲ့လား "

အရှင့်ရဲ့ရိုးရှင်းလှတဲ့ မေးခွန်းမှာပင် ရှောင်းကျန့်အတွက် အဖြေမရှိခဲ့
သူ့ကို စူးစိုက်ကြည့်လာတဲ့အရှင့်ကြောင့်
မြေကြီးရှိရာကို မျက်နှာမူလိုက်သည်
သူ့သဘောနဲ့သူ ဟန်နိုင်ငံကို ထွက်ခဲ့တာဟာ အရှင့်အပေါ် ဆိုးသွမ်းမိတာမှန်း သိနေခဲ့လို့ပင်

Tell Me Honestly [Complete]Where stories live. Discover now