Part 11

3.6K 329 16
                                    

နန်းတော်ကို ကြာကြာပစ်ထားမရတဲ့အတွက်
ဝမ်ရိပေါ်က ဒီက ကိစ္စတွေကို အကိုတော်ဝမ်ယွဲ့အား လက်စသတ်ဖို့ တာဝန်ပေးခဲ့ပြီး
သူကတော့ နန်းတော်ပြန်ဖို့ စီစဥ်နေရသည်
သူနဲ့အတူ မင်းသားငယ်နဲ့ ရှောင်းသခင်လေးကိုပါ ပြန်ခေါ်သွားမှာကြောင့်
မပြန်ခင် စူးမယ်မယ်ဆီတစ်ခေါက်လိုက်ပို့ဖို့တွေးထားသည်
စူးမယ်မယ်ဆိုတာ တခြားသူမဟုတ် မင်းသားငယ်ဝမ်ယွဲ့ရဲ့ မိခင်ပင်
မယ်တော်ကြီးရဲ့ ဖိအားပေးမှုကြောင့်
အရွယ်မရောက်သေးတဲ့ သားငယ်ကို ပစ်ပြီး ရှီအန်းတောင်ခြေမှာ တရားအားထုတ်နေရသူဖြစ်ပေသည်

ဝမ်ရိပေါ်က ချင်းလျန်ကို လွှတ်ပြီး မင်းသားငယ်နဲ့ ရှောင်းသခင်လေးကို အခေါ်လွှတ်လိုက်လေသည်
စူးမယ်မယ်ရှိရာ အရပ်က အေးချမ်းတိတ်ဆိတ်တဲ့ တရားအားထုတ်ရာနယ်မြေဖြစ်တဲ့အတွက် လူများများမခေါ်တော့
ချင်းလျန်ရယ် သူရယ် ရှောင်းသခင်လေးရယ် ဝမ်အန်းရယ်သာ သွားကြမှာဖြစ်သည်

"အရှင် ကျွန်တော်တို့ရောက်ပါပြီ "

ဝမ်ရိပေါ်က ချင်းလျန်တို့ရောက်သည်နှင့် သူကိုယ်တိုင်ဦးဆောင်ကာ
ရှီအန်းတောင်ခြေသို့ ဆင်းခဲ့သည်

.....

ဝမ်အန်းက တစ်ခေါက်ရောက်ဖူးပြီမို့
ေတာင်ခြေက ဘုရားကျောင်းကို ရောက်သည်နှင့် သူ့မယ်မယ်ရှိရာဆီ ပြေးတော့သည်

ဝမ်ရိပေါ်တို့ကတော့ နောက်မှဖြေးဖြေးနှေးနှေးသာ လိုက်နေသည်
အဓိကက ဝမ်အန်းနဲ့တွေ့ပေးဖို့ဆိုတော့ သူလောဖို့ မလိုဘူး

"ချင်းလျန် မင်းသားလေးနောက်လိုက်သွား "

အရှင်က အမိန့်ပေးတော့ ချင်းလျန်မှာမနေရဲ မင်းသားလေးနောက် သူလည်း လိုက်ပြေးရတော့သည်

"အရှင် ကျွန်တော်လည်း မင်းသားငယ်နောက် လိုက်သွားပါ့မယ် "

ရှောင်းကျန့်ကလည်း အရှင်နဲ့နှစ်ယောက်တည်းကျန်နေရမယ့်အရေးထက်
မင်းသားလေးနောက်ပဲ လိုက်ချင်တာမို့ အရှင့်ထံ ခွင့်တောင်းမိသည်

"မလိုဘူး ကိုယ်တော်နဲ့ လမ်းပဲလျှောက်
ပျာယီးပျာယာနဲ့ လဲချင်နေတာလား"

Tell Me Honestly [Complete]Where stories live. Discover now