Part 12

3.5K 319 7
                                    

ရှောင်းကျန့် ရှောင်းအိမ်တော်ကို ပြန်ရောက်တဲ့အခါ ဖခင် ရှောင်းသခင်ကြီးရဲ့ ဆူငေါက်ခြင်းကို ခံရတယ်
အိမ်ကို အသိမပေးဘဲ ရက်ပိုင်းလောက်ပျောက်သွားတာကြောင့် အစိုးရိမ်လွန်သွားတာဖြစ်တယ်
စုံစမ်းထားပြီး အကြောင်းအရင်းကို သိနေပြန်တဲ့ ဖခင်က တော်ဝင်ဆရာ အလုပ်ကို လက်လျှော့လိုက်ဖို့ပြောလာတယ်
စိတ်ပူတာသိပေမယ့် ဒီတစ်ခါတော့ ရှောင်းကျန့်က ဖခင်ရဲ့စကားကို နားမထောင်ချင်ဘူး
မင်းသားငယ်ရဲ့ မယ်မယ်ကို ပေးခဲ့တဲ့ကတိကိုလည်း မပျက်ချင်ဘူး
ကိုယ်တိုင်ကလည်း ရည်မှန်းချက်တွေရှိနေတဲ့အခါ
ဒီတစ်ခေါက်တော့ ဖခင်ရဲ့ ဆန္ဒကို ဆန့်ကျင်ရသည်
ရှောင်းပါးပါးကတော့ စကားနားမထောင်တဲ့သူ့ကို စိတ်တိုသွားလေသည်

.....

ရှောင်းကျန့် မင်းသားငယ်ကို စာသင်ပေးဖို့ နန်းတော်ကို ထွက်လာခဲ့သည်
သို့သော် မင်းသားငယ်ရဲ့ နန်းဆောင်ထဲသို့ ဝင်ခွင့်မရ
အပျိုတော်လေးက တားဆီးထားလေသည်

"အရှင်က မင်းသားငယ်ရဲ့ ပစ်ဒဏ်ကာလမို့ စာသင်တာ ရပ်ဆိုင်းထားပါမယ်တဲ့
နောက်ပြီး တော်ဝင်ဆရာလာတဲ့အခါ
အရှင့်ဆီ လာခစားဖို့ မိန့်ထားပါတယ်"

ရှောင်းကျန့်လည်း စိတ်ညစ်သွားရတော့သည်
ဒီရက်ပိုင်း သူ့ကံတွေ အဆိုးဘက်ကို ရောက်နေတော့တာပဲ

"ဆရာရှောင်းကို အရှင့်ဆီပို့ဆောင် ပေးပါ့မယ် "

"မလိုဘူး ကိုယ်တိုင်ပဲ သွားပါ့မယ် "

ရှောင်းကျန့် စိတ်ညစ်ညစ်နဲ့သာ ထွက်လာခဲ့ပေမယ့်
အရှင့်နန်းဆောင်ရောက်တဲ့အခါ ပိုလို့ စိတ်ဆင်းရဲသွားတယ်
ညီလာခံသွားနေတဲ့ အရှင်က
သူ့ကို စောင့်ဖို့ မှာခဲ့သည်တဲ့လေ
ပိုင်ရှင်မရှိတဲ့အခန်းထဲ ပျင်းပျင်းနဲ့ထိုင်စောင့်နေရသေးသည်

ကံကောင်းချင်တော့ အရှင့်ဆီ နှုတ်ဆက်ဖို့ ရင်းမေ့လည်း ရောက်လာခဲ့တယ်
အရှင့်အခန်းထဲမှာ သူ့ကိုတွေ့ပြီး ရင်းမေ့က
တအံတသြဖြစ်နေပေမယ့် သူကတော့ပျော်တယ်
တစ်ယောက်တည်းစောင့်နေရတာ ဘယ်လောက်တောင်ပျင်းဖို့ကောင်းလိုက်သလဲ

Tell Me Honestly [Complete]Where stories live. Discover now