Part 7

3.6K 345 4
                                    

ရှောင်းကျန့် တစ်ယောက် ဆရာဘဝကနေ ကလေးထိန်းဘဝကို ရုတ်ချည်းပြောင်းလဲသွားတာမို့ သူ့ကိုယ်သူတောင် မယုံနိုင်
လူတွေ့စစ်တဲ့နေ့က တည်ငြိမ်လွန်းတဲ့ သူ့တပည့်ကို ဘယ်သူခိုးသွားတာလဲ
ယခုမျောက်လောင်းကတော့ အဲ့နေ့က မင်းသားလေး လုံးဝမဖြစ်နိုင်

စာသင်ဆောင်ရှေ့က သစ်ပင်ရဲ့ ပင်စည်ကိုဖက်ပြီး ထိုင်နေတဲ့ ကောက်စိန်ဟာ
သူနဲ့အတူမကစားပေးရင် အဲ့နေရာက မထပါဘူးတဲ့
ဆရာတစ်ယောက်အနေနဲ့ လုပ်သင့်ရဲ့လားဆိုတာမသိပေမယ့်
စာသင်လို့မရမယ့်တူတူ တစ်ခါလောက်လိုက်လျောပေးလိုက်ဖို့တွေးမိသည်

"ဒါဆို  မင်းသားလေးက ကတိတစ်ခုတော့ပေးရမယ် "

"ကတိပေးရင် ဆရာရှောင်းက တူတူကစားပေးမှာလား "

"ဒါပေါ့ "

"ဒါဆိုကတိပေးတယ် "

ဘာမှတောင်မပြောရသေးဘူး ကတိတွေစွတ်ပေးနေတဲ့ မင်းသားလေးက
ဘယ်လောက်တောင် ဆော့ကစားချင်နေပါလိမ့်

"ဟုတ်ပြီ မင်းသားလေး ကတိပေးပြီးသွားပြီနော်
နောက်ဆို စာသင်ရမယ့် အချိန်မှာ ဒီလို
ခေါင်းမာနေလို့မရတော့ဘူး "

ဒီလိုပြောတော့ မျက်နှာလေးမဲ့တဲ့တဲ့နဲ့ ဒီမင်းသား အဆိုးအဆာလေးက

"ပြော မင်းသားလေးက ခုဘာကစားချင်တာလဲ "

"တူတူပုန်းတမ်း"

"အပျိုတော်တွေနဲ့ကစားလို့ရတာပဲ "

"ဆရာရှောင်းနဲ့ ကစားချင်တာ"

"ဟုတ်ပါပြီ ဒါဆို မင်းသားလေးက သွားပုန်းလှည့် ဆရာကလိုက်ရှာမယ် "

"ဟုတ်ဘူး ဆရာရှောင်းက ကျွန်တော်နဲ့တူတူပုန်းရမှာ
အပျိုတော်မမတွေကို လိုက်ရှာခိုင်းမယ် "

ရှောင်းကျန့်လည်း မင်းသားလေး စိတ်ချမ်းသာရင်ပြီးရောဆိုပြီး လွှတ်ထားလိုက်တော့
လက်သေးသေးတို့နဲ့ ဆွဲခေါ်ရာကို လိုက်ရလေတယ်
မင်းသားလေးက ဒါကိုကစားချင်တာ ကြာပြီဖြစ်မယ် ပုန်းမယ်နေရာကို ရှာထားပြီးသား

"ဒါလှည်းအလွတ်တွေလေ ဆရာရှောင်း
ဒီထဲမှာပုန်းနေရင် အပျိုတော်မမတွေ ရှာတွေ့မှာမဟုတ်ဘူး "

Tell Me Honestly [Complete]Where stories live. Discover now