Part 22

3.8K 343 10
                                    

ချင်းလျန်ရဲ့ ရုတ်တရက်ရောက်ရှိလာမှုကြောင့် ဝမ်ရိပေါ်မှာ ရှောင်းသခင်လေးနဲ့
စကားဆက်ပြောခွင့်မရတော့
အမတ်ချုပ်ကြီးရဲ့ လျှို့ဝှက်တပ်တည်နေရာကို သိရပြီဖြစ်ကြောင်း တိုးတိုးတိတ်တိတ်လျှောက်လာတာကြောင့်
အရေးမစိုက်လို့ကလည်းမရ
ဒါကြောင့် ရှောင်းသခင်လေးကို ဖွင့်ပြောမယ့်
အစီအစဥ်အား နောက်ဆုတ်ကာ
ထိုနေရာမှ ထွက်လာခဲ့ရသည်
ရန်သူကို အမြစ်ပြတ်ဖြုတ်ချပြီးမှ
ရှောင်းသခင်လေး အချစ်ကို တောင်းခံရင်လည်း နောက်မကျသေးလောက်ပါဘူး

.....

အရှင်ထွက်သွားတာကို မြင်တာနဲ့ ရင်းမေ့က ရှောင်းရှေ့ကို သွားခဲ့လိုက်သည်
အရှင်မဖိတ်ထားတဲ့ ပွဲမှာ သူမက တစ်လျှောက်လုံးရှိနေခဲ့ပြီး
နောက်ကွယ်မှာ ပူလောင်နေခဲ့ရသည်
အရှင်ကရှောင်းနဲ့ အတူ ဒီပြဇာတ်ကို ကြည့်တယ်ဆိုကတည်းက သူမမှာ တော်တော်လေး
သဘောပေါက်နေပြီ
အရှင်က ရှောင်းကို သဘောကျနေတာပဲ
ဒီအတောအတွင်း သူမကို ဂရုစိုက်ပေးခဲ့တာက အတုအယောင်တွေများလား
သူမ တန်ဖိုးထားရတဲ့ လူနှစ်ယောက်က သစ္စာဖောက်တာမို့
ပိုလို့ နာကျင်ရတာ

"ရှောင်း "

"ရင်းမေ့ "

အရှင်ထွက်သွားပြီးသိပ်မကြာခင်မှာ ရင်းမေ့က ရောက်လာတာမို့ ရှောင်းကျန့်မှာ
စိုးရိမ်စိတ် ဝင်လာရသည်
ဘယ်သူကြည့်ကြည့် အထင်လွဲချင်စရာကောင်းတဲ့အခြေအနေကို ရင်းမေ့မြင်သွားတာတော့ မဟုတ်ဘူးမလား

"အရှင့်အပေါ်ထားတဲ့ ရင်းမေ့ရဲ့ စိတ်ကို
ရှောင်းသိထားရက်နဲ့ လုပ်ရက်တာပဲ "

ရှောင်းကျန့်မကြုံချင်ဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်သည်
ရင်းမေ့ သူ့ကိုဘယ်လိုတွေးနေမလဲ
နောက်ဆုံးမှာတော့ ရှောင်းကျန့်ဟာ
မကောင်းတဲ့သူငယ်ချင်းဖြစ်ဖို့ကံပါလာတာပဲ

"ငါ့အမှားပါ ရင်းမေ့
ဆယ်ခါပြန်တောင်းပန်လည်း ခွင့်မလွှတ်နိုင်မှန်းသိပါတယ် ဒါပေမယ့် အရှင်နဲ့မဆိုင်ပါဘူး
ငါတစ်ယောက်တည်းကပဲ စိတ်ရှိနေတာပါ "

ရှောင်းကျန့်က ရင်းမေ့မမှားအောင် သေချာ ရှင်းပြပေမယ့်
ရင်းမေ့ကတော့ လှောင်ပြုံးပြုံးရင်းနဲ့သာ
ကြည့်လို့နေသည်

Tell Me Honestly [Complete]Donde viven las historias. Descúbrelo ahora