Part 10

3.9K 329 11
                                    

"ဘုရင်ကိုတောင် လိမ်ရဲနေတာပဲ
ဆရာရှောင်း"

"ဘာလို့ အမှန်တိုင်း မလျှောက်ရတာလဲ
ဝမ်အန်း ကြံလို့ပါလာရတဲ့အကြောင်း "

အရှင်က အပိုင်ပြောတော့ ရှောင်းကျန့်မှာမျက်နှာငယ်လေးနဲ့
အခုဆို လိမ်တဲ့အပြစ်ပါ ထပ်တိုးသွားရပြီမလား

"ကျွန်တော်က လူကြီးပါ အရှင်
ကျွန်တော်က တာဝန်ယူရမှာပေါ့
ကလေးကို တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုပြီး မလွှဲချနိုင်ပါဘူး "

သူ့စကားကိုကြားတော့ အရှင့်က မျက်ခုံးတစ်ဖက်ပင့်လို့ မယုံတဲ့အမူအရာမျိုးပြတယ် အပိုစကားတွေလို့ ထင်နေပုံပါပဲ

"ဝမ်အန်းရော ခုလို ခိုးလိုက်လာရတော့ပျော်နေရဲ့လား "

အရှင်က သူ့စကားကို လျစ်လျူရှုပြီး မင်းသားလေး စကားပြောပြန်တယ်
ရှောင်းကျန့်က ဒီအရှင်ကို နည်းနည်းတော့ အမြင်ကပ်ချင်နေပြီ

"ပျော်ပါတယ်အရှင်
တွေ့ချင်လူလည်း အကိုချင်းလျန်လိုက်ပို့လို့တွေ့ပြီးပါပြီ "

ဝမ်အန်းက ပြုံးရယ်မနေပေမယ့်
တကယ်ပျော်နေမှန်းရိပေါ်သိတယ်
ဝမ်အန်းက ဒီကို ရည်ရွယ်ချက်ရှိရှိလိုက်ပါလာခဲ့တာ
ဘာလို့ဆို သူ့မယ်တော်က ရှီးအန်းတောင်ပေါ်က ဘုရားမှာ တရားအားထုတ်နေရတာ
ခမည်းတော် ကွယ်လွန်ပြီးကတည်းကပဲ
ခုဆိုတစ်နှစ်နီးပါးရှိနေပြီ
သိတတ်တဲ့အရွယ်မှာ ခွဲခဲ့ရတာဆိုတော့ ဝမ်အန်းလည်း သူ့အမေကို တွေ့ချင်နေမှာ
ဒါကြောင့် အခွင့်ရတုန်း ကြံလိုက်တာဖြစ်မယ်

အကြံကောင်းတဲ့ သနားစရာ ကောင်လေးကိုလည်း
သင့်တော်တဲ့ အပြစ်ဒဏ်တော့ ပေးရအုံးမယ်
နောက်ဆိုမဆင်မခြင် မလုပ်နိုင်အောင်

"ဒါဆို နန်းတော်ပြန်ရောက်ရင်
အဆောင်ပြင်ထွက်ခွင့် တစ်လ ပိတ်ခံရမယ် "

"နားလည်ပါပြီ အရှင် "

"ဒါဆိုဝမ်အန်း အဆောင်ပြန် နားတော့ "

ဝမ်အန်းပြန်သွားတော့
အရှင်နဲ့ ရှောင်းကျန့် နှစ်ယောက်တည်းသာ
ကျန်နေခဲ့သည်
အပြစ်တစ်ခုတည်းကျူးလွန်ထားတဲ့ မင်းသားလေးတောင် ပြစ်ဒဏ်ရတယ်ဆိုတော့
အပြစ်များစွာနဲ့ ရှောင်းကျန့်ဟာ အရှင့်မျက်နှာကိုပင် ရဲရဲမကြည့်ရဲတော့ချေ

Tell Me Honestly [Complete]Where stories live. Discover now