Part 16

3.5K 324 12
                                    

"အရှင် မိဖုရားနန်းဆောင်ဆီ ကြွမြန်းချိန်ရောက်ပါပြီ "

ညအချိန်အခါ ရောက်တာ ကြာနေပြီဖြစ်သည့်တိုင်
အစီရင်ခံစာဖတ်နေဆဲ ဖြစ်တဲ့အရှင့်ကို
အထိန်းတော်ကြီးမှာ အသိပေးရသည်

"ပြင်ခိုင်းထားတာရော "

"အဆင်သင့်ဖြစ်နေပါပြီ အရှင် "

ထိုအခါမှ နေရာက ထလာသော
အရှင့်နောက် အထိန်းတော်ကြီး အပါအဝင် အပျိုတော်တို့ လိုက်ရတော့သည်

.....

မိဖုရားနန်းဆောင်ရောက်တော့
လျှိုမိဖုရားကအလှဆုံးပြင်ကာ အဆောင်ရှေ့မှာ စောင့်ကြိုနေသည်
အေးတဲ့ရာသီဖြစ်တဲ့ အလျောက် အမျိုးသမီးတို့သဘာဝ လှချင်စိတ်ကို ရှေ့တန်းကာ
ခပ်ပါးပါး အထည်ကို ဆင်မြန်းထားတဲ့
လျှိုမိဖုရား
အရှင်က မိဖုရားနောက်မှာ ရှိနေတဲ့ အထိန်းတော်ဆီက ဝတ်ရုံကိုယူကာ မိဖုရားကိုခြုံပေးလိုက်တော့
လျှိုမိဖုရားမှာ ပြုံးစိစိနဲ့ ပျော်လို့ ရွှင်လို့
အရှင်က သူ့အပေါ် ဂရုစိုက်ပေးသည်ပေါ့

"ကြွပါ အရှင် "

မိဖုရားရဲ့ ဖိတ်ခေါ်မှုနဲ့အတူ
အရှင်နှင့်မိဖုရားမှာ အဆောင်အတွင်းသို့ အတူဝင်သွားကြသည်
အထိန်းတော်ကြီးမှာလည်း
အရှင်ကြိုတင်ပြင်ဆင်ခိုင်းထားသည့်
သေရည်နဲ့မုန့်ဗန်းကို သယ်ဆောင်ကာ နောက်မှ လိုက်ပါသွားရသည်

"ထိမ်မြားတဲ့နေ့က ပျက်ကွက်ခဲ့တဲ့
မဂ်လာသေရည်ကို
ကိုယ်တော်ပြင်ဆင်ခဲ့တယ် "

အရှင်က မိဖုရားကို သေရည်ပြင်ဆင်လာကြောင်း ပြောပြီးတာနဲ့
အထိန်းတော်ကြီးဟာ မိဖုရားတို့ကြိုပြင်ထားသော သေရည်ဟူသမျှသိမ်းလိုက်သည်
ပြီးနောက် သူယူလာတာတွေကိုသာ တည်ခင်းလိုက်လေသည်
ပြီးနောက် အရှင်တို့ကို ချန်ခဲ့ပြီး
ပြန်ထွက်လာခဲ့ရသည်

"ရင်းမေ့ အတွက် စဥ်းစားပေးတာနဲ့တင်ပဲ ေပျာ်ရပါပြီ "

"ကိုယ်တော့်မိဖုရားကို ဂရုစိုက်ပေးရမှာ ကိုယ်တော့်တာဝန်ပါ "

အရှင်က တည်ခင်းထားသော စားပွဲဘေးမှာ
ထိုင်စေပြီး သေရည်ပါငှဲ့ပေးတာကြောင့်
ရင်းမေ့မှာ ဂုဏ်ယူဝံ့ကြွားလို့

Tell Me Honestly [Complete]Where stories live. Discover now