Part 13

3.5K 325 18
                                    

အရှင့်ရဲ့ အစေခံ အလုပ်က ရှောင်းကျန့်ထင်သလို ပင်ပင်ပန်းပန်းမဟုတ်
အရှင်သွားသမျှနောက် ပတ်လိုက်နေရုံလောက်သာ ဖြစ်သည်

ယခုလည်း တရားရေးရာအမတ်ကြီးနဲ့ အရှင်နဲ့တွေ့ဆုံနေတာမို့
အထိန်းတော်ကြီးတို့နဲ့အတူ ခပ်လှမ်းလှမ်းမှ
စောင့်ပေးနေရုံသာဖြစ်လေသည်
အထိန်းတော်ကြီးကတော့
တရားရေးရာအမတ်ကြီးက အရှင့်မယ်မယ်ရဲ့
အကိုရင်းချာဖြစ်ကြောင်း
နားနားကပ်ကာပြောပြပေးနေပေမယ့်
ကိုယ့်ကိစ္စမှ မဟုတ်တာလေ
တစ်သက်လုံး အစေခံလုပ်မှာမှ မဟုတ်တာ

"အရှင်က ရှောင်းအမတ်ရဲ့ သားနဲ့တောင် ရင်းနှီးနေကြပြီပဲ "

ဝမ်ရိပေါ်က သူ့ရဲ့ဦးရီးတော် ပြောတာကို
ငြင်းဆန်လိုက်တယ်

"သိရုံလောက်ပါပဲ "

"အဲ့ကလေးက သိပ်အနေအေးတာ
အရှင်ရဲ့ ရှောင်းအမတ်သာ
ဦးကြီးရဲ့ မိတ်ဆွေမဟုတ်ရင်
အဲ့ကလေးကို မြင်ဖူးမှာတောင်မဟုတ်ဘူး "

"ရှောင်းအမတ်က ဦးရီးတော်ရဲ့ မိတ်ဆွေလား
ပထမဆုံးကြားဖူးတာပဲ "

"စကားမဆက်မိတာဖြစ်လိမ့်မယ်
ရှောင်းအမတ်က အရှင့်ရဲ့ အမတ်တွေထဲမှာ အဖြောင့်မတ်ဆုံးလို့တောင် ပြောရမလား
သိပ်ရိုးအေးတဲ့လူ
ဒါကြောင့် အရှင်သတိမထားမိတာနေမယ်
အရှင်နဲ့တွေ့တိုင်း ဂုတ်သွေးဆုပ်နေတဲ့ အမတ်တွေကြောင်းပဲ စုံစမ်းပေးဖြစ်တာဆိုတော့ "

"အဲ့လိုလား ကျွန်တော် ကြားရသလောက်ကတော့ အမတ်ချုပ်ရဲ့မိတ်ဆွေရင်းတဲ့ "

"ရှောင်းအမတ်ကိုတော့ လုံးဝအာမခံတယ် အရှင် "

"ဦးရီးတော်တောင် အာမခံနေပြီပဲ
သေချာပေါက် စိတ်ချရတဲ့သူဖြစ်မှာပါ "

ဝမ်ရိပေါ်ထင်တာမှန်နေတာပဲ
အဲ့ဒီပျာပျာယာယာလေးက မကောင်းတဲ့သူ
မဟုတ်နိုင်ဘူးဆိုတာ
ဦးရီးတော်ပြောမှပဲ
ရှောင်းသခင်လေးအပေါ် သံသယတွေ လုံးလုံးလျားလျားပျောက်တော့တယ်
ဒီလိုဆို အနားထားပြီး စစ်ဆေးနေစရာတောင်မလိုတော့ဘူး

"ကျေးဇူးတင်ပါတယ် ဦးရီးတော် "

နေရင်းထိုင်ရင်း ဘာအတွက်ကျေးဇူးတင်ခံလိုက်ရမှန်းမသိတဲ့ တရားရေးရာအမတ်ကြီးကတော့ တွေးစရာရသွားလေရဲ့

Tell Me Honestly [Complete]Where stories live. Discover now