Part 8

3.6K 339 10
                                    

"ဝမ်အန်း နန်းတော်ထဲ ရှိနေရမယ့်သူက ဘယ်လိုလုပ်ပြီး ဒီရောက်လာရတာလဲ "

ညီတော်လို့ပင်မခေါ်တော့တဲ့ အရှင်က သူ့အားစိတ်ဆိုးနေပြီမှန်း သိတဲ့ မင်းသားငယ်လေးဟာ သူ့ဆရာရဲ့ ဝတ်ရုံစကိုဆွဲလို့
အားကိုးတကြီးကြည့်လိုက်သည်

ဒီလိုလိုက်လာခဲ့တာ သူ့အကြံဆိုပေမယ့် စိတ်ဆိုးနေတဲ့ အကိုတော်ကိုတော့ သူကြောက်သည်လေ

"ဟိုတစ်ယောက်ကရော နန်းတော်ထဲမှာ စာသင်နေရမှာ မဟုတ်ဘူးလား "

သူ့ဘက်ပါလှည့်လာပြီမို့ တရားခံအားဖြေရှင်းခိုင်းရန်ကြည့်လိုက်တော့
ကိုယ့်ကိုယ်ပင် အားကိုးတကြီး မျက်လုံးရွဲကြီး တွေနဲ့ကြည့်နေသေး

အဲ့တော့ ရှောင်းကျန့်မှာ အရှင့်အား
အလှဆုံးအပြုံးလေးနဲ့သာ ထပ်မံပြုံးပြလိုက်တော့သည်
ဒီအခြေအနေအား သူမဖြေရှင်းတတ်တော့ပါ

ဝမ်ရိပေါ်က အူလည်လည်လုပ်နေသော နှစ်ယောက်အား ဆူရန်ပြင်နေစဥ်
ရုတ်တရက်မြားပေါင်းများစွာ သူ့မြင်ကွင်းထဲရောက်လာလေသည်
သူမှန်းထားတဲ့ တိုက်ပွဲစပြီ
မမှန်းထားတာက ကာကွယ်ရမယ့် လူနှစ်ယောက်ရှိနေခဲ့မှာကိုပေါ့

"ချင်းလျန် မင်းသားငယ်နဲ့ ဆရာရှောင်းကို ကာကွယ်လိုက် "

ချင်းလျန်က အရှင့်ရဲ့ အမိန့်အတိုင်း
မင်းသားငယ်နဲ့ ဆရာရှောင်းကို
လှည်းပေါ်မှ ခေါ်ယူကာ လုံခြုံတဲ့ နေရာကို ခေါ်ဆောင်သွားဖို့လုပ်သည်
အရှင်နဲ့ တခြားရဲမတ်များက ရောက်သမျှမြားတို့ကို ရှင်းထုတ်နေသည်

ချင်းလျန်က မင်းသားငယ်နဲ့ဆရာရှောင်းကို ထိုနေရာမှ ခေါထြုတမြသှားနိုငခြငြ
ဝတ်စုံအမဲနဲ့ လူအများဝင်ရောက်လာပြီး မဲမဲမြင်ရာတိုက်ခိုက်တော့သည်
လူအင်အားအရ တစ်ဖက်က နှစ်ဆလောက်များနေသော်လည်း
အရှင့်ရဲ့ရဲမတ်များမှာလည်း အရှင်ရွေးချယ်ထားသော အထူးကိုယ်ရံတော် တပ်မှ ဖြစ်လေရာ နှစ်ဖက်စလုံး သူမသာကိုယ်မသာအခြေအနေဖြစ်သည်

ဝမ်ရိပေါ် သည် သူ့ရှေ့ရှိ ဝတ်စုံမဲနှင့် မသမာသူများအား
အမြန်ပင် ရှင်းပစ်လိုက်သည်
အစက အရှင်ဖမ်းဖို့တွေးထားပေမယ့်
ချင်းလျန်က သုံးယောက်တစ်ယောက် တိုက်ခိုက်နေရပြီး
ဟိုနှစ်ယောက်ကိုလည်း မထိစေရအောင် သတိထားနေရသည်ဆိုတော့ မလွယ်ကူလှ
ဒါကြောင့် ဝမ်ရိပေါ်မှာ ရန်သူနှင့် စိတ်ဖြောင့်ဖြောင့်မတိုက်ခိုက်နိုင်တော့ပေ
သူကြည့်နေတုန်းမှာပဲ ချင်းလျန်ရဲ့အလစ်မှာ
ရန်သူက ဦးတည်ရာပြောင်းပြီး ဆရာရှောင်းဆီ ဓားနဲ့တိုးဝင်တယ်

Tell Me Honestly [Complete]Where stories live. Discover now