part 17

3.5K 320 21
                                    

ဝမ်ရိပေါ်က ကိုယ်ရံတော်ချင်းလျန်နဲ့အတူ
ဟိုရက်ကစုံစမ်းခဲ့သော တည်းခိုဆောင်ဆီ ရောက်နေခဲ့တာ ဖြစ်သည်
တဖက်ခန်းမှာ အမှန်ပင် စုဝေးနေသော လူများဟာ သူ့ရဲ့ ညီလာခံမှာ တွေ့နေကျ အမတ်များပင် ဖြစ်သည်
ဦးဆောင်နေသူကတော့ သူ့ယောက္ခထီးကြီးဖြစ်လေသည်

အမတ်ချုပ်ကြီးက ရိက္ခာအကြောင်း ဦးတည်ဆွေးနွေးနေပေမယ့်
ကျန်အမတ်တွေက လျှိုမိဖုရား အိပ်ဆောင်ဝင်တဲ့အကြောင်းကိုသာ အဖန်ဖန် ဂုဏ်ပြုနေသည်
ထိုအချိန် အမတ်တစ်ယောက်က
ရုတ်တရက်ပြောလာသည်

"အရှင်က လျှိုမိဖုရားကို သဘောကျတယ်ဆိုတော့ အမတ်ချုပ်ကြီး မစွန့်စားရင်တောင်
အာဏာတည်မြဲနိုင်ပါတယ် "

အခြားသူများက ထိုအမတ်ကို ဝိုင်းကြည့်ကြသည် သူပြောတာလည်း မမှားပေဘူးကို

ထိုအချိန် အမတ်ချုပ်ကြီးက
တဟားဟား နဲ့ သဘောတကျရယ်ကာ

"ဘဏ္ဍာရေး အမတ်ကြီး အကြံပေးတာ ကောင်းပါတယ်
ဘာပဲပြောပြော ကျုပ်တို့ဘက်က ပြင်ဆင်ထားတာရှိတော့ မမှားပေဘူးပေါ့
မယ်တော်ကြီးရဲ့ ဆန္ဒကလည်း ဒီလိုပါဘဲ.
မယ်တော်ကြီးကို ဆန့်ကျင်လို့ မဖြစ်ဘူးဆိုတာ သိကြတယ်မလား "

"ကျွန်တော် အတွေးတိမ်သွားတာပါ "

"ဒါဆို ဒီတစ်ပတ် ရိက္ခာအတွက် ဘဏ္ဍာရေးအမတ်ကြီးက တာဝန်ယူပေးမလား "

ဘဏ္ဍာရေးအမတ်မှာ စကားမှားမိသူဆိုတော့
လက်မခံချင်ဘဲ လက်ခံရသည်
ဒီတစ်ခေါက်တော့ တိုင်ပြည်ဘဏ္ဍာရေးမဟုတ်ဘဲ သူ့အိမ်တော် ဘဏ္ဍာရေးတော့ထိပါပြီ သောင်းဂဏန်းရှိတဲ့ လူတွေအတွက် တပတ်စာဆိုတာ မလွယ်လှဘူးလေ

......

ဝမ်ရိပေါ် က ဘေးအခန်းက လူတွေ အားလုံးပြန်သွားပြီဆိုမှ ထွက်လာခဲ့သည်

ရိက္ခာအတွက် အကြပ်ရိုက်နေပုံအရတော့ လူအင်အားကလည်း နည်းမှာမဟုတ်
ဒီပုံအတိုင်းဆို သူ့ဘက်လည်း အမြဲအသင့်အနေအထားရှိနေဖို့လိုတယ်

ဖြစ်နိုင်ရင် အမတ်ချုပ်ကြီးနဲ့ အပေါင်းအပါတွေကို ချက်ချင်း ပုန်ကန်မှုနဲ့ ဖမ်းပစ်လိုက်ချင်တာပေမယ့်
ရေရာတဲ့ သက်သေမရှိ
တပ်ဖွဲ့ ဖွဲ့စည်းထားကြောင်းသိနေပေမယ့်
ဘယ်မှာ ရှိနေမှန်း မသိရ
မယ်တော်ကြီးပါ ပါဝင်နေတာမို့ သူ့အနေနဲ့
အလောတကြီး လုပ်လို့မရ
ရန်သူ့အင်အားက မှန်းဆ၍မရသေးသည်မို့

Tell Me Honestly [Complete]Wo Geschichten leben. Entdecke jetzt