Part 4

4.6K 357 4
                                    

ရုတ်တရက် ရောက်လာသော အရှင့်အား ရင်းမေ့နည်းတူ ရှောင်းကျန့်လည်း ဂါရဝပြုရသည်

အရှင်ကတော့ အရင်တစ်ခေါက်ကလိုဘဲ သူ့ဘက် တစ်ချက်သာကြည့်ပြီး
ရင်းမေ့ဆီသာ အာရုံပို့ထားတော့သည်

"ကိုယ်တော့်မိဖုရားက  ကိုယ်တော်ကြောင့် စိတ်မကောင်းဖြစ်နေတယ်လို့ကြားတယ် "

အရှင်က ရင်းမေ့နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ရင်းပြောတော့
ရင်းမေ့မှာ ဘာဖြေရမှန်းမသိ ဖြစ်နေရတယ်
မဟုတ်ဘူးလို့လည်း မငြင်းနိုင် အခုပင်ရှောင်းကိုတောင်ရင်ဖွင့်ရသေးတာ
ဟုတ်တယ်လို့ပြောဖို့ကျတော့လည်း အတွေးတိမ်တဲ့မိဖုရား ဖြစ်ရအုံးမယ်

"ကိုယ်တော့်မှာ အရေးကြီးတဲ့အလုပ်တွေ ရှိနေလို့သာ
မဟုတ်ရင်ကိုယ်တော်လည်း ယောက်ျားသားတစ်ယောက်ပဲ
ကိုယ့်ဇနီးချောချောလှလှကို ပစ်ထားပါ့မလား
ဒါကို ကိုယ်တော့်မိဖုရားက နားလည်ပေးရမယ် "

ရင်းမေ့ ဖြေရခက်နေစဥ် ထပ်ပြောလာတဲ့ အရှင့်စကားကြောင့် ရင်းမေ့မျက်နှာလေးမှာ
ရှက်သွေးဖြာလို့
ရှေ့ရက်တွေမှာ စိတ်ခုခဲ့သမျှဟာ အရှင့်စစကားတစ်ခွန်းအောက် ပျောက်ပျက်ကုန်တယ်

"ရင်းမေ့ နားလည်ပါပြီ အရှင်"

"အရှင် ဒါက ရင်းမေ့ရဲ့ မိတ်ဆွေပါ
ရှောင်းကျန့်တဲ့"

ထိုအခါမှ သူ့ဘက်လှည့်လာတဲ့ အရှင်
တော်သေးတယ် ရင်းမေ့က သူ့ကို စကားဝိုင်းထဲထည့်လိုက်လို့
မဟုတ်ရင် အပြန်အလှန် ကျီစယ်နေတဲ့ ဒီအရှင်နဲ့မိဖုရားကြား သူက အပြင်လူလိုဖြစ်နေပြီး ကြာကြာနေနိုင်မှာမဟုတ်ဘူး

"ကိုယ်တော့်မိဖုရားကို စောင့်ရှောက်ပေးပါအုံး ရှောင်းသခင်လေး"

ရုတ်တရက်ကြီးကိုယ့်ကို သူ့မိဖုရားလာအပ်နေပြန်တဲ့အရှင်က ရင်းမေ့ကို အပိုင်ချုပ်နေသည်ပဲ
ရင်းမေ့သဘောကျတာလည်းမပြောနဲ့လေ
ဒီအရှင်ဟာ
အသက်ငယ်ငယ်နဲ့ ရုပ်ရည်ချောမောခန့်ညားရုံမက အပြောလည်း ကောင်းသေးတာကိုးး

"စိတ်မပူပါနဲ့ အရှင် မိဖုရားလျှိုက ကျွန်တော့်ရဲ့ မိတ်ဆွေရင်းပါ
သေချာပေါက် စောင့်ရှောက်ပေးရမှာပေါ့ "

Tell Me Honestly [Complete]Where stories live. Discover now