Part 21

3.7K 348 24
                                    

"ရှောင်းသခင်လေး ရောက်လာပါသေးတယ်
အရှင် "

"ဘယ်မှာလဲအခု ဝင်ခွင့်ပေးလိုက်တာ မဟုတ်ဘူး "

"လျှိုမိဖုရားတဲ့ စကားပြောနေတုန်းကပါ
ရှောင်းသခင်လေးကလည်း
အရှင်တို့ စကားပြောပြီးသည်အထိ စောင့်မယ်ဆိုလို့ပါ အရှင် "

"ဒါဆို အခုက ဘယ်ရောက်သွားတာလဲ "

"မိဖုရားက သူ့နန်းဆောင်ဆီ ခေါ်သွားပါတယ် "

အရှင်က ချက်ချင်း မိဖုရားရှိရာ အဆောင်သို့ လိုက်တော့သည်
ရှောင်းသခင်လေးရှိရာအရပ်ဆို
အရှင်တို့ သွားဖို့လောလိုက်သည်များ

.....

ဝမ်ရိပေါ် မိဖုရားရဲ့အဆောင်ရှေ့ရောက်တော့
ရှောင်းသခင်လေးက မိဖုရား အဆောင်ထဲက ထွက်လာပြီဖြစ်သည်
သူ့ကို မြင်တော့ သူနဲ့ ဆန့်ကျင်ဘက်ကို လှည့်ထွက်တဲ့ ရှောင်းသခင်လေးကြောင့်
ဝမ်ရိပေါ်မှာ ဘုရင့်အဂ်ါရပ်နဲ့ မညီသည့်တိုင် အတင်းလိုက်ဆွဲရသည်

"လက်ကိုလွှတ်လိုက်ပါ
မသင့်တော်ပါဘူး အရှင်"

ရှောင်းသခင်လေးက သူ့ရဲ့မျက်နှာကိုပင်
မကြည့်ဘဲ ပြောနေတာကြောင့်
တော်တော်လေးစိတ်ဆိုးနေမှန်း သတိထားမိသည်

"ကိုယ့်ဆီလာတာဆို ရှောင်းသခင်လေး
ကိုယ့်ကိုမတွေ့ဘဲ ပြန်တော့မို့လား "

"အရှင့်ဆီ လာတာမှန်ပေမယ့်
သိချင်တာ သိရပြီးပြီမို့ မလိုတော့ပါဘူး "

"ကြင်ယာကိစ္စလား
မိဖုရားဆီက ဘယ်လိုကြားခဲ့တာလဲ "

"အရှင်က တကယ်ကောင်းတဲ့ ခင်ပွန်းမျိုးပါ
ရင်းမေ့အတွက် အမြဲတွေးပေးတယ်
ကျွန်တော့်သူငယ်ချင်းအတွက် စိတ်အေးရပါတယ်
အစက အရှင်က တမင်သက်သက်လုပ်တယ်ဆိုပြီး အတွေးတိမ်ခဲ့ပေမယ့်
အခုတော့ သေချာသိရပြီမို့ အရှင် စိတ်မပူပါနဲ့ "

"ကိုယ်က တမင်သက်သက် လုပ်ခဲ့တာဆိုရင်ရော "

"အဲ့လိုဆိုရင်တော့ အရှင့်မှာ အကြောင်းပြချက် တစ်ခုခုရှိရမှာပါ "

"ရှိတယ် အကြောင်းပြချက် "

ဝမ်ရိပေါ်အနေနဲ့ နန်းတော်တစ်ခုလုံးမကလို့ တစ်တိုင်းပြည်လုံးက အထင်လွဲနေရင်တောင်မှ
ရှောင်းသခင်လေးကိုတော့ အထင်လွဲမခံနိုင်ပါ
ရှောင်းသခင်လေးက သူ့စိတ်အနည်းအကျဥ်းဖြစ်ဖြစ်သိထားစေချင်သည်

Tell Me Honestly [Complete]Where stories live. Discover now