Part 6

4K 342 2
                                    

"တော်ဝင်ဆရာက တကယ်အရည်အချင်းပြည့်ဝတာပဲ
ရက်ပိုင်းပဲရှိသေး မင်းသားနှစ်ယောက်ရဲ့ ချစ်ခင်မှုကို ရထားပြီ "

ချီးကျူးတာလား ခနဲ့နေတာလား မသဲကွဲတဲ့ အရှင့်ရဲ့စကားကြောင့် ရှောင်းကျန့်မှာအင်တင်တင်ရယ်

သူဘာအမှားလုပ်မိထားလို့
အရှင်မင်းမြတ်က သူ့ကို အမြင်စောင်းနေတယ်လို့ ခံစားမိနေပါလိမ့်

"အရှင် ဘာအကြောင်းရှိလို့ ရောက်လာတာပါလဲ "

ဝမ်ယွဲ့က တိတ်ဆိတ်သွားတဲ့ ရှောင်းသခင်လေးကြောင့်
ရှောင်းသခင်လေးအနေမကြပ်ရလေအောင် ဝင်မေးလိုက်ခြင်း
အမှန်ဆို သူနဲ့ညီတော်ငယ်လေးရဲ့ကြား အရှင်က အမြင်စောင်းသွားမှာမျိုးမလိုလား
နောင်တစ်ချိန်မှာ ရှောင်းသခင်လေးကို အရှင့်ရဲ့မရီးနေရာမှာထားဖို့ ရည်မှန်းထားသည်မို့

"ညီတော်လေးအတွက် ဒီတစ်ခေါက် တော်ဝင်ဆရာက အဆင်ပြေရဲ့လား လာကြည့်ပေးတာပါ
ကြည့်ရတာ အဆင်ပြေတာထက်ကို ပိုနေတယ်လားလို့ "

ဝမ်ရိပေါ်က ဒီစကားလုံးတွေကို ရှောင်းသခင်လေးရဲ့ မျက်လုံးတည့်တည့်ကြည့်ကာ
ထိုးစစ်ဆင်လိုက်ပေမယ့်
တကယ့်တကယ်တမ်းကျတော့
ကြည်စင်လွန်းတဲ့ မျက်ဝန်းတွေကြား
ကိုယ့်ကိုယ်ကိုယ်သာ လူဆိုးတစ်ယောက်လို့ထင်လာရသည်
မျက်ဝန်းကြည်ကြည်တွေက အန္တရာယ်များလိုက်တာ

"ဆရာရှောင်းက အတော်ဆုံးပဲ အရှင်
စိတ်လည်းရှည်တယ်
ကျွန်တော်ဘာမေးမေး ဘယ်မေးခွန်းမဆိုအကုန်ဖြေနိုင်တယ် "

"အဲ့လောက်တောင်လား ညီတော်ရဲ့
ဒါဆို ကိုယ်တော်က ဆရာရှောင်းကို ဆုလာဘ်တွေ ချီးမြှင့်အုံးမှပါ "

"ကောင်းပါတယ် အရှင် "

"ကိုယ်ရံတော် တစ်ယောက်ချီးမြှင့်မယ်ဆို ဘယ်လိုလဲ နန်းတွင်း အသွားအပြန်
စောင့်ရှောက်ပေးလို့ရတာပေါ့ "

အငယ်ဆုံးညီတော်နဲ့ အတိုင်အဖောက်တွေညီနေတဲ့အရှင်ကြောင်း မင်းသားကြီးဝမ်ယွဲ့မှာ
မနေနိုင်ဘဲဝင်ပါရပြန်သည်

"ဆရာရှောင်းရဲ့ အပို့အကြို ကို ကျွန်တော်တာဝန်ယူထားပါတယ်အရှင်"

Tell Me Honestly [Complete]Where stories live. Discover now