Part 15

3.6K 332 14
                                    

အထိန်းတာ်ကြီးရဲ့ စေခိုင်းမှုကြောင့်
ရှောင်းကျန့်မှာအရှင့်အတွက်
ရေချိုးခန်းပြင်ဆင်ပေးနေရသည်
ရေပူရေအေးသေချာစွာ ရောစပ်ဖို့က
ဘေးကအပျိုတော်တွေရဲ့ အကူအညီကြောင့်လုပ်ရလွယ်ကူပေမယ့်လည်း
ရှောင်းကျန့်လို ခနတာ အစေခံကို ဒီလောက်ထိခိုင်းဖို့လိုလို့လား
ရှောင်းကျန့်မှာ တွေးမိတိုင်း မကျေနပ်
ဒီနေ့ပြီးရင် ပြီးပြီမို့သာ သည်းခံဖို့ တွေးလိုက်တာ

"အားလုံး အဆင်သင့်ဖြစ်ပြီမို့
ကျွန်မတို့သွားနှင့်ပါ့မယ် ရှောင်းသခင်လေး "

ကူပေးနေတဲ့ အပျိုတော်လေးတွေက ပြောလာသည်

"အတူသွားကြမယ်လေ "

ရှောင်းကျန့်က ရှေ့ဆုံးကနေ ဦးဆောင်ပြီး ရေချိုးခန်း အပြင်သို့ ထွက်မယ်ပြင်ပေမယ့်
အရှင်ကရောက်လာသည်

"ရှောင်းသခင်လေးကျန်ခဲ့
ကျန်တဲ့လူတွေသွားလို့ရပြီ "

အရှင့်ရဲ့ အမိန့်ကြောင့် အပျိုတော်တွေက အသီးသီးထွက်သွားကြကုန်ပြီ
သူကဘာလို့ ကျန်ခဲ့ရပြန်တာလဲ

"ကိုယ်တော့်ကို ကူပေးပါအုံး "

အရှင်က လက်တို့ကို ဖွင့်ဟလို့ ကူဖို့ပြောသည်
ရှောင်းကျန့်မှာ စိတ်မပါ လက်မပါနဲ့
ဝတ်ရုံကို ကူချွတ်ပေးရသည်

အရှင်က ရေထဲဝင်စိမ်လိုက်ပြီး ဘောင်ပေါ်
ခေါင်းတင်ကာ မျက်လုံးမှိတ်လို့ ဇိမ်ယူနေသည်

"လက်က သက်သာသွားပြီလား "

"ကြီးကြီးမားမား မဟုတ်ပါဘူး
ကောင်းသွားပါပြီ အရှင် "

"ရေထိရင် ပိုဆိုးမယ် ဂရုစိုက် "

ရှောင်းကျန့်က အရှင်မမြင်အောင် မျက်နှာကိုမဲ့ချလိုက်သည်
ခိုင်းလည်းခိုင်းသေးတယ်
ခုမှ ဂရုစိုက်ဆိုတော့ ပြောင်နေသလိုပဲ

"ဒီအလုပ်ပြီးရင် ရှောင်းသခင်လေး ပြန်လို့ရပြီ "

ဒီစကားကြားရတော့ ရှောင်းကျန့်တို့က ပျော်တာပေါ့
သူ့ရဲ့အပြစ်ဒဏ်ကြီးက အဆုံးသတ်တော့မယ်လေ

ဒီလိုဆိုမှ သူမင်းသားငယ်လေးဆီမရောက်သေးဘူးဘဲ
စောစောပြန်ခွင့်ရတာဆိုတော့ မင်းသားငယ်လေးဆီဝင်အုံးမှ

Tell Me Honestly [Complete]Donde viven las historias. Descúbrelo ahora