Part 18

3.6K 332 14
                                    

ဝမ်ရိပေါ်က နန်းတော်ထဲက သတင်းတွေနဲ့
လိုက်လျောညီထွေဖြစ်အောင်
လျှိုမိဖုရားဆီ မကြာမကြာသွားလည်ပေးသည်

တစ်ပတ်တစ်ခါလည်း လျှိုမိဖုရားနဲ့ အိပ်ဆောင် ဝင်သည်
ထိုအချိန်တိုင်း အထိန်းတော်ကြီးရဲ့ စီစဥ်ပေးတာလေးတော့သုံးရတာပေါ့

ရှင်ဘုရင် တစ်ယောက်အနေနဲ့ရော ယောက်ျားတစ်ယောက်အနေနဲ့ပါ ဒီလို မလုပ်သင့်ပေမယ့်
လျှိုမိဖုရားက ရန်သူ့သမီး ဖြစ်နေတာမို့
သူ့မျိုးဆက်အား မမွေးဖွားသင့်
နောက်ပြီး သူ့အနေနဲ့လည်း လျှိုမိဖုရားအား
နည်းနည်းလေးမှ စိတ်မဝင်စား
ဒီလိုအကြောင်းပြချက်တွေကြောင့်
လုပ်နေရခြင်း

အခုလည်း လျှိုမိဖုရားအဆောင်ကို လာလည်တာ တိုက်တိုက်ဆိုင်ဆိုင်
တော်ဝင်သမားတော်က ထွက်လာတော့
သူ့အနေနဲ့ စိတ်မပါလည်း ဂရုစိုက်ပြရပေအုံးမည်

"ကိုယ်တော့်မိဖုရား နေထိုင်မကောင်းဘူးလား
သမားတော် ထွက်သွားတာ တွေ့လိုက်တယ် "

ပြင်ဆင်လိမ်းခြယ်ထားပြီး အဆင်တန်ဆာအပြည့်နဲ့ လျှိုမိဖုရားက နေမကောင်းတဲ့ ပုံစံမျိုးတော့မဟုတ်ပေ

"ဂရုဏာထားပေးလို့ ကျေးဇူးတင်ပါတယ် အရှင်
ဒါပေမယ့် အရမ်းကြီး စိတ်မပူပါနဲ့
သမားတော်နဲ့ ကျန်းမာအောင် နေထိုင်ဖို့ မေးမြန်းကြည့်ရုံပါ "

"ဘာမှမဖြစ်တာ ကောင်းပါတယ်
ကိုယ်တော်က မိဖုရား အတွက် စိတ်ပူလို့ပါ "

"အရှင်စိတ်ပူအောင်လို့ ရင်းမေ့ နေမကောင်းမဖြစ်ရဲပါဘူး "

ဆေးရဲ့အကျိုးဆက်အရ လျှိုမိဖုရားဟာ ကိုယ်ဟာသူ့အပေါ် အရမ်းနစ်ဝင်နေတယ်လို့ ထင်နေတာပဲ
မိဖုရား ဆန္ဒတွေက ကြောက်စရာကောင်းလိုက်ပုံများ
မတတ်နိုင် အလိုက်သင့်တော့ ပြုမူပေးနေရအုံးမှာဘဲ

.......

"အထိန်းတော်ကြီး မနက်က ခိုင်းထားတာရော လုပ်ပြီးပြီလား "

ရုတ်တရက်ကြီး ဆိုတော့ ဘာကိုမေးမှန်းမသိ ပြီးမှ သတိရတာက မနက်စောစော ညီလာခံမသွားခင်
ရှောင်းအိမ်တော်ဆီ အမူးပြေဟင်းရည်ပို့ခိုင်းထားတာကိုပင်

Tell Me Honestly [Complete]Hikayelerin yaşadığı yer. Şimdi keşfedin