Part 24

3.8K 332 13
                                    

"အတင့်ရဲပြီး လျှောက်တင်ပါရစေ အရှင်
ဒီတစ်ခေါက်မှာ ရှောင်းသခင်လေးကို သေချာဆွဲထားသင့်ပါတယ်
ပြီးခဲ့တဲ့ရက်တွေမှာ အရှင်ပင်ပန်းခဲ့ပြီးပါပြီ "

အထိန်းတော်ကြီးက တည်ငြိမ်းလွန်းနေတဲ့ အရှင့်ကြောင့် အားမရစွာ အရဲစွန့်လျှောက်တင်လိုက်တယ်
အမှန်ဆို ရှောင်းသခင်လေးအပေါ်ထားတဲ့ ခံစားချက်မျိုးစုံကို ဘေးကနေတစ်လျှောက်လုံးမြင်တွေ့လာသူမို့
အရှင် ရှောင်းသခင်လေးကို ဘယ်လောက်အထိ လိုအပ်သလဲဆိုတာ သေချာသိထားတယ်

အရှင်တုံ့ဆိုင်းနေရင် ထပ်ပြီးခံစားရမှာကလည်း အရှင်ပါပဲ
အရှင်မှ မပျော်ရင် တိုင်းပြည်ကြီးလည်း
ဘယ်သာယာပါ့မလဲ

"အဲ့ကလေးက ဆိုးလွန်းတယ်
ကိုယ်တော် ဂရုစိုက်မှန်းသိပြီး ကိုယ်တော့်ကို ထပ်ထားခဲ့ရင် ကိုယ်တော်သည်းခံနိုင်မှာ မဟုတ်ဘူး "

ဝမ်ရိပေါ်အတွက် ရှောင်းသခင်လေး သူ့ကိုထားခဲ့တာဟာ သူ့အတွက်စိတ်ဒဏ်ရာပဲ
ရှောင်းသခင်လေးက သူ့ကိုသဘောမကျဘူး
မနှစ်သက်ဘူးဆိုတဲ့ အတွေးတွေနဲ့တင်
ပြီးခဲ့တဲ့ရက်တွေမှာ စိတ်ဒုက္ခများခဲ့ပြီးပြီ
ဒီတစ်ခေါက်မှာတော့ ရှောင်းသခင်လေးဘက်က စလှမ်းလာမယ့် ခြေလှမ်းတွေကို မြင်ချင်တယ်
သူ့ဘက်က အတင်း တွယ်ကပ်နေတာမျိုး
မဖြစ်ချင်တော့ဘူး

အထိန်းတော်ကြီးက သူ့အရှင်အတွက်အတော်လေး ပူပန်နေရပါတယ်
မလှုပ်မယှက်နဲ့
ဟိုသခင်လေးက ထပ်ပြီးထွက်ပြေးသွားရင်
ခံစားရမှာ အရှင်ပဲဟာ
မဖြစ်သေးပါဘူး အရှင်နဲ့ရှောင်းသခင်လေးကြား သူဝင်ပါမှကို ဖြစ်မှာ

အထိန်းတော်ကြီးက ရှောင်းသခင်လေးဆီ အရောက်သွားခဲ့သည်
မတွေ့ချင် တွေ့ချင်နဲ့ ထွက်တွေ့တဲ့ ရှောင်းသခင်လေးဟာ
သူ့အားအမြင်ကြည်ပုံမပေါ်

"ကျွန်တော်နဲ့ဘာကိစ္စရှိတာလဲ အထိန်းတော်ကြီးက "

"ရှောင်းသခင်လေးနဲ့ စကားပြောချင်လို့ပါ
အချိန်နည်းနည်းယူပါရစေ "

အထိန်းတော်ကြီးရဲ့ တောင်းဆိုမှုကြောင့် ရှောင်းကျန့်က နှစ်ယောက် အေးဆေးစကားပြောနိုင်နေရာကို ခေါ်သွားခဲ့သည်

Tell Me Honestly [Complete]Where stories live. Discover now