Part 23

3.8K 356 18
                                    

အမတ်ချုပ်ကြီးနဲ့အပေါင်းအပါများက
မယ်တော်ကြီးအကြောင်း ပါးစပ်မဟကြသော်လည်း
လျှို့ဝှက်တပ်ဖွဲ့စည်းပုံမှာ မယ်တော်ကြီးတံဆိပ်တုံးများ ပါရှိနေတာမို့
မယ်တော်ကြီးအနေနဲ့ ငြင်းဆန်လို့မရ
အကိုတော်ဝမ်ယွဲ့နဲ့ချင်းလျန်တို့ရဲ့
စွမ်းဆောင်မှုကြောင့်ရလာတဲ့
သက်သေဖြစ်တဲ့အလျှောက် ဝမ်ရိပေါ်မှာ အကိုတော်ဝမ်ယွဲ့မျက်နှာငဲ့ရသေးတယ်

ဝမ်ယွဲ့မှာ သူ့မိခင်အဲ့လောက်ထိ အမှားတွေလုပ်နေမယ်လို့ မထင်ထားခဲ့
ဘုရင်မဖြစ်ချင်ကြောင်း မယ်မယ့်နား ခနခန ပြောဖြစ်ခဲ့တာမို့ မယ်မယ်နားလည်နေပြီထင်ထားခဲ့တာ
သူမယ်မယ့်ကို မျက်ကွယ်ပြုထားမိခဲ့တာပဲ
အမှားကြီးလုပ်ထားတဲ့ မယ်မယ့်အတွက်
ဝမ်ယွဲ့မှာ သားတော်တစ်ယောက်အနေနဲ့
အရှင့်ဆီမှာ အသနားခံရုံသာ

အရှင်ကလည်း တော်တော်လေးငဲ့ညှာပေးပါသည်
အပြစ်ကြီးပေမယ့် နန်းချပြီး
နယ်မြို့လေးက ဘုရားကျောင်းမှာ
လျှိုမိဖုရားနဲ့အတူ တစ်သက်တာ
တရားအားထုတ်ဖို့
အမိန့်ထုတ်ထားတယ် တော်တော်လေး သက်ညှာပေးခဲ့တာပဲ

.....

ဝမ်ရိပေါ်မှာ နန်းတွင်းက အရှုပ်တွေ ရှင်းပြီးတဲ့အချိန် ပထမဆုံးပြန်ကျင်းပတဲ့ ညီလာခံမှာ
သူ့ရဲ့အမတ်တွေကို ကြည့်ပြီးကျေနပ်နေသည်

အရင်ဆိုမယ်တော်ကြီး ဘက်တော်သား တစ်ဝက်ကျော်လောက်ရှိတဲ့ ညီလာခံက
တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ဆောင်ချက်မှန်သမျှဆို ကန့်ကွက်နေကြလေ
ခုများတော့ သူကိုယ်တိုင်ရွေးချယ်ထားတဲ့အမတ်တွေက များတာမို့
အရင်ကထက်စာရင် ပိုတရားမျှတတဲ့ဆုံးဖြတ်ချက်တွေချနိုင်ပြီလေ

ဝမ်ရိပေါ်မှာ ကျေနပ်လို့မဆုံး
ညီလာခံပြီးတဲ့အချိန်
ပညာရေးအမတ်ကြီးနဲ့သီးသန့်တွေ့ဆုံဖို့
အထိန်းတော်ကြီးအား စီစဥ်ခိုင်းထားသည်
တိုင်းပြည်ကောင်းကျိုးပြီးတော့
ကိုယ့်ကိုယ်ကျိုးအတွက် လုပ်ဆောင်ရပေအုံးမည်

"ဂါရဝပြုပါတယ် အရှင် "

ရှောင်းအမတ်ကြီးက အစဥ်အလာတိုင်းနှုတ်ဆက်လာပေမယ့်
ဝမ်ရိပေါ်က အမြန်ထိုင်ဖို့သာ
အမူအရာ ပြသည်

Tell Me Honestly [Complete]Where stories live. Discover now