Part 25

3.9K 347 11
                                    

ရှောင်းကျန့်က အရှင့်အနားကို စိတ်ရှင်းရှင်းသွားနိုင်ဖို့
ရင်းမေ့နဲ့ အရင် စကားပြောဖို့ဆုံးဖြတ်ခဲ့တာကြောင့်
ရင်းမေ့ရှိရာ နယ်စပ်မြို့လေးဆီ ခရီးထွက်ခဲ့သည်
ပါးပါးရဲ့ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့အတူ ရှောင်ပိုင်နဲ့
မင်းသားကြီး ဝမ်ယွဲ့တို့ပါ ပါလာခဲ့ကြသည်
ရှောင်းကျန့်မှာ မငြင်းနိုင်တဲ့ အဆုံးခေါ်လာခဲ့ရပေမယ့်
တကယ်တမ်းကျတော့ မင်းသားကြီး ဝမ်ယွဲ့ရဲ့ ဦးဆောင်မှုနဲ့
လမ်းခရီးက အဆင်ပြေနေခဲ့တာ ဖြစ်သည်

သို့ပေမယ့် မင်းသားကြီးရဲ့စိတ်ကို ရိပ်စားမိနေတဲ့ရှောင်းကျန့်က
အထင်မှားရတာမျိုးမဖြစ်အောင်
လမ်းခရီးတစ်ယောက် နည်းနည်းမှမျက်နှာသာမပေး
ခပ်တန်းတန်းသာဆက်ဆံခဲ့သည်

ရင်းမေ့ရှိတဲ့ ဘုန်းတော်ကြီးကျောင်းကို ရောက်တော့
ရှောင်ပိုင်က ရင်းမေ့ကို သူရှာပြီး ခေါ်ခဲ့မယ်ဆိုပြီးထွက်သွားတာကြောင့်
မင်းသားကြီးနဲ့ ရှောင်းကျန့် နှစ်ယောက်သာ ကျန်ခဲ့ရသည်

"ဒီကို ဘာလို့လာတာလဲ မေးလို့ရလား "

နှစ်ယောက်သား တိတ်ဆိတ်နေတဲ့ အခြေအနေကြောင့် မင်းသားကြီးဘက်က စကားစလာခဲ့သည်

"ရင်းမေ့ အဆင်ပြေနေရဲ့လား လာကြည့်ရုံပါ
နောက်ဆို ကျွန်တော်က အရှင့်နားမှာဘဲ
ကပ်နေတော့မှာမို့ လာဖြစ်ဖို့က မသေချာတော့ဘူးလေ "

ရှောင်းကျန့်က မင်းသားကြီအား အကဲခတ်ရင်းပြောလိုက်တာကြောင့်
ပျက်သွားတဲ့ မျက်နှာထားအား သေချာမြင်တွေ့လိုက်ရသည်
ရှောင်းကျန့်ဟာ သူ့လုပ်ရပ်သူ မှန်တယ်လို့ တွေးလိုက်သည်
ခုကတည်းက သေချာစည်းတားထားပါမှ
အရှင်နဲ့သူ့ကြောင့် နောက်ထပ်နာကျင်ရတဲ့လူတွေ မရှိရလေအောင်

"ရှောင်းသခင်လေး ပြောချင်တဲ့
သဘောက..."

"ဟုတ်တယ် ကျွန်တော်က အရှင့်ကို သဘောကျနေတာ
တစ်ခါနောက်ဆုတ်ပေးပြီးသွားပြီမို့
ဒီတစ်ခေါက်မှာ အရှင့်ကို လက်လျှော့လိုက်ဖို့က လုံးဝမဖြစ်နိုင်ဘူး
အရှင့်ဘက်ကသာ လက်ခံရင် ရအောင်ယူဖို့ထိဆုံးဖြတ်ထားတယ် "

Tell Me Honestly [Complete]Where stories live. Discover now