Part 9

3.6K 358 15
                                    

"အဲ့တာ ဘာလိုက်ရှုပ်မှာလဲ"

ရှောင်းကျန့် ရုတ်တရက် ဖခင်ဆီမှ အဆူခံလိုက်ရတဲ့ ခံစားချက်မျိုးရလိုက်တာကြောင့်
အရှင့်အား ဘာပြန်ဖြေရမှန်းမသိ
ဘေးနားကြည့်မိတော့ မျက်လုံးထဲ မင်းသားကြီးကိုမြင်သည်မို့
မင်းသားကြီးကိုသာ အကြောင်းပြမိသည်
အရှင့်ကို ရှိန်တာထက် ကြောက်ရတဲ့ အဆင့်ကို ရောက်နေပြီ

"မင်းသားကြီးက အကူအညီလိုတယ်ဆိုလို့ "

သူ့ရဲ့ အဖြေကြောင့်အရှင်က မင်းသားကြီးဆီ အကြည့်ရောက်သွားလေသည်
မင်းသားကြီးက သူ့ဘက်ကမို့သာ တော်တော့သည်

"ဟုတ်တယ် ရှောင်းသခင်လေးက ကျွန်တော်ခေါ်လို့ လိုက်လာတာပါ "

ရှောင်းကျန့်က မင်းသားကြီးအား ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်လိုက်တော့ မင်းသားကြီးက မျက်စိတစ်ဖက်မှိတ်ပြသည်
မျက်နှာရွှင်တဲ့ ကျေးဇူးရှင်ကြီး

အရှင်ကတော့ သဘောကျပုံမရ
မျက်နှာအနေအထားက တော်တော်လေး မနှစ်မြို့ကြောင်းပြသည်

"ဒါဆိုလည်း သွားစို့ ကိုယ်တော်ပါလိုက်မယ်
အခြေအနေကြည့်ရအောင် "

ဒီလိုနဲ့ ရှောင်းကျန့်ဟာ အရှင် မင်းသားကြီးတို့နဲ့အတူ လှေတစ်စီးတည်း လိုက်ပါရသည်မို့ ကျောက်ရုပ်လေးချထားသည့်အတိုင်း
နဂိုစီစဥ်ထားတဲ့ လူတွေကို လှေအလွတ်တွေပေါ်တင်ပေးမယ့် အစီစဥ်ဟာ
အရှင့်ရဲ့အကြည့်စူးစူးအောက်မှာပျောက်ကွယ်လို့

မင်းသားကြီးကတော့ နေအိမ်မစွန့်တဲ့ လူတွေဆီ လှော်တပ်လေးနဲ့ ရိက္ခထုပ်လေးတွေကမ်းနေသည်
ရှောင်းကျန့်လည်း ကြည့်ရင်း လုပ်ကြည့်ချင်မို့ အရှင့်အရိပ်အကဲက လွတ်သည်နှင့် မင်းသားကြီးနားကပ်ကာ

"ကျွန်တော်လည်း လုပ်ကြည့်လို့မရဘူးလား "

မင်းသားကြီးက ေရှာင်းကျန့်တစ်ခါပြောရုံနဲ့ရသည်
အဲ့လိုသဘောကောင်းတာ
တစ်ချို့တစ်ချို့တွေနဲ့တော့ တော်တော်လေးကွာသည်

မင်းသားကြီး ကမ်းပေးလာတဲ့ လှော်တပ်ဟာ ရိက္ခာထုပ်လေးချိတ်ပြီးသားဖြစ်သည်
ယူမယ့်လူကလည်း ဝမ်းသာအားရလက်ကမ်းသည်မို့ ေရှာင်းကျန့်က လှော်တပ်ကို ထိုလူ့ဆီ ထိုးပေးလိုက်သည်
သို့သော် ယူမယ့်သူက မမှီ
ရှောင်းကျန့်လည်း အားမလိုအားမရ ဖြစ်ကာ မတ်တပ်ရပ်ပြီး ကမ်းပေးလိုက်တော့
အဆင်ပြေသွားသည်
ကျေနပ်ပီတိဖြာသွားတဲ့ ရှောင်းကျန့်ဟာ
သတိလက်လွတ်ထိုင်ချလိုက်တာ
အရှင့်ပေါင်ပေါ်ဖြစ်သည်

Tell Me Honestly [Complete]Where stories live. Discover now