Part 3

4.8K 371 2
                                    

"အရှင် မယ်တော်ကြီး ရောက်လာပါတယ် "

ညီလာခံသွားရန် ပြင်ဆင်နေတဲ့
ရှင်ဘုရင်ဆီကို ဘေးအပါးအမြဲခစားတဲ့ အထိန်းတော်ကြီးက သတင်းပို့တယ်

ရှင်ဘုရင်ရဲ့မျက်နှာတော်မှာ မဲ့ပြုံးလေးထင်ဟပ်လာတယ်
မယ်တော်ကြီးရောက်လာရတဲ့ အကြောင်းအရင်းကို ရိပ်စားမိနေပြီးသားမို့

"ဝင်ခိုင်းလိုက်..... "

အရှင့်ရဲ့ အမိန့်သံတောင်မဆုံးသေး
တံခါးအား တွန်းဖွင့်လို့ ဝင်လာတဲ့ မယ်တော်ကြီးက အရှင့်အား ဂရုမစိုက်သလိုပြုမူပြနေသည်မို့ အထိန်းတော်ကြီးတို့မှာ မျက်ခုံးတလှုပ်လှုပ်
အရှင်နဲ့မယ်တော်ကြီကြားက အားပြိုင်မှုကို တွေ့ရအုံးမှာ မလား

"မင်းကြီး ဘယ်လို လုပ်လိုက်တာပါလဲ
မနေ့ညက မိဖုရားဆောင်ကို မကြွမြန်းခဲ့ဘူးဆို
ဒါက မိဖုရားရဲ့ သိက္ခာကို ချလိုက်သလိုပါပဲ "

"မယ်တော်ကြီးက သတင်းစုံတာပဲ
ဒီအတွက်စိတ်မပူပါနဲ့
သားတော်မှာ တိုင်းပြည်ရေးရာတွေ ဖြေရှင်းစရာများနေလို့
မိဖုရားဆောင်ကို မသွားနိုင်ခဲ့တာပါ "

"ဘာပဲဖြစ်ဖြစ် မဂ်လာနေ့မှာတော့ မိဖုရားကို ပစ်မထားသင့်ပါဘူး
မိဖုရားကို ပိုပြီးဂရုစိုက်ပေးပါ
ဆက်ခံသူမွေးပေးမယ့်သူပါ"

"တိုင်းပြည်ရေးထက် မိဖုရားကို ပိုအရေးပေးသင့်မှန်း သားတော်မသိလိုက်လို့ပါ
ပိုပြီး ဂရုစိုက်ပေးလိုက်ပါ့မယ် "

အရှင့်ရဲ့ စကားကြောင့် မယ်တော်ကြီးမှာ မျက်နှာပျက်ကျသွားသည်
အရှင့်ရဲ့ဟာကွက်ကို လာပြီးထိုးနှက်ကာမှ
အရေးနိမ့်ရတာကြောင့် မယ်တော်ကြီးမှာ စိတ်ဆိုးဆိုးနဲ့ လှည့်ပြန်သွားလေသည်

"စိတ်တိုင်းကျ မိဖုရားတင်မြှောက်ပြီးတာတောင် မကျေနပ်သေးဘူးကိုးးး"

ဝမ်ရိပေါ်ဟာ တစ်ကိုယ်တည်းရေရွတ်ရင်း
မယ်တော်ကြီးအား သရော်မိသည်မယ်တော်ကြီးဟာ သူ့ရဲ့ သားတော်အရင်းအား
ဘုရင်မတင်မြှောက်ရ၍ သူ့အပေါ် မကျေနပ်မှန်း ဝမ်ရိပေါ်ကောင်းကောင်းသိသည်

ခက်တာက မယ်တော်ကြီးလောဘကြီးသလောက် အကိုတော် မင်းသားကြီးက
ပလ္လင်ကို ခေါင်းရှောင်ထားသည်လေ

Tell Me Honestly [Complete]Where stories live. Discover now