လေပြေလေညှင်း တဖြူးဖြူးတိုက်နေတဲ့
ကြာကန်အနားမှာ
နေဝင်လုဆဲဆဲ ကောင်းကင်ကြီးကို ငေးနေတဲ့ လူနှစ်ယောက် ရှိတယ်နှစ်ယောက်ထဲကမှ ခပ်သေးသေးတစ်ယောက်က ကောင်းကင်ကို ငေးနေရာကနေ
ဦးတည်ချက်က သူ့ဘေးကလူဆီ ပြောင်းသွားတယ်
ကောင်းကင်ကြီးကိုကြည့်တာ ထက်ပိုပြီး
ကြည်နူးနေတဲ့ အကြည့်တွေနဲ့ အချိန်အတော်ကြာကြည့်ပြီးမှ စကားစတယ်"ကျွန်တော်ကွေ့ဝိုက်မနေတော့ဘူး
အရှင့်ကို အများကြီး သဘောကျတယ်
အရှင့်အနားမှာနေချင်တယ် "ဒီစကားတွေကို ပြောနိုင်ဖို့ အခြားသူတွေကိုကြည့်ရင်း ပတ်ဝန်းကျင်ကို ကြည့်ရင်းနဲ့
အချိန်အတော်ကြာ ယူခဲ့ရတယ်
အခုတော့ ရဲတင်းလိုက်ချင်ပြီအရှင်က ပြုံးယောင်ယောင် မျက်နှာထားနဲ့ သူ့ဘက်လှည့်ကြည့်လာတယ်
အကြည့်ချင်းဆုံပြီး မျက်ဝန်းထဲအထိ
လေးနက်မှုကို ရှာဖွေလာတာ ဖြစ်မယ်"သတ္တိမွေးပေးလို့ ကျေးဇူးတင်ပါတယ်
ဒါပေမယ့်.."ဘာလဲ ငြင်းတော့မို့ စကားစနေတာလား
ရှောင်းကျန့်မှာ စိုးရိမ်ပူပန်မှုအပြည့်
အရှင်သာ ငြင်းဆိုလိုက်ရင် သူခံနိုင်ရည်ရှိပါ့မလား"ရှောင်းသခင်လေးကို ဒီနေရာကို
ခေါ်လာတာက ကိုယ်တော် အရိုးသားဆုံးဝန်ခံချင်လို့ "ရှောင်းကျန့်က တည်ငြိမ်လေးနက်လွန်းနေတဲ့
အရှင့်ရဲ့ မျက်နှာတော်ကြောင့်
ပိုပြီးပူပန်လာတယ်
အရှင်နဲ့ ဝေးကွာခဲ့တဲ့ တစ်နှစ်မှာ အရှင်က သူ့ကို မလိုအပ်တော့တာများလား"ကိုယ်က ရှောင်းသခင်လေးကို
မဂ်လာပွဲနေ့က စပြီး သတိထားမိခဲ့
ရှောင်းသခင်လေးရဲ့ ရုပ်ရည်ကြောင့်ဖြစ်မယ်
တစ်ပွဲလုံးမှာ ထင်းနေတာပဲ
ဘေးကမိဖုရားဆီတောင် အကြည့်မပို့မိတော့တဲ့အထိနောက်တော့ မိဖုရားရဲ့ သူငယ်ချင်းအဖြစ် ဆက်ပြီးသတိထားမိခဲ့တယ်
အဲ့လိုမိဖုရားနဲ့ ဆက်ဆံရေးကောင်းတာကြောင့်ရော
ရှောင်းသခင်လေးကို ရန်သူဘက်သားလို့တွေးပြီး
စိတ်ထဲအရောက်မခံခဲ့ဘူး
တတ်နိုင်သလောက် အာရုံမစိုက်မိအောင်နေတယ်
YOU ARE READING
Tell Me Honestly [Complete]
Historical Fictionရိုးရှင်းလွန်းတဲ့ ရှောင်းသခင်လေးနဲ့ မပွင့်လင်းတတ်တဲ့မင်းကြီးဝမ်တို့ရဲ့ ဇာတ်လမ်းလေး