Part 20

3.8K 339 17
                                    

အရှင်မင်းမြတ်က တည်ကြည်သော မျက်နှာတော်ဖြင့် ရှောင်းသခင်လေးရဲ့ အနားမှာ ဝင်ထိုင်သည်
မိန်းမပျိုလေးသုံးဦးမှာတော့
အရှင့်ကို အရိုအသေပေးလို့ နှုတ်ဆက်ကြသော်လည်း အရှင်က ဂရုမစိုက်
သူ့ဘာသာ ပူလောင်နေတာလည်း ပါတာပေါ့
သူ့ကို ခပ်တန်းတန်း ဆက်ဆံနေသေးတဲ့
ရှောင်းသခင်လေးဆီ မအားတဲ့ကြားက 
အပြေးလာချော့ပေမယ့်
ကိုယ်တော်လေးက ကြင်ယာတော်ပင်ရွေးနေသေးသည်တဲ့
ရှောင်းအမတ်ကြီးက အရိပ်အကဲ မသိလိုက်ပုံများ ရေမြေ့ရှင်သခင်ကိုပင်
သားတော်လေးအတွက် သင့်တော်တဲ့ မိန်းကလေးကို အကြံပြုပေးဖို့ ပြောလာသေးသည်

"တစ်ခုခုပြောလိုက်အုံးလေ "

သူဘာမှမပြောသေးတာကြောင့် အရိုအသေပေးရာမှ ခေါင်းမမော့နိုင်သေးတဲ့ အမျိုးသမီးငယ်လေးများကို စာနာသောအားဖြင့်
ရှောင့်ကျန့်က အရှင့်နားတိုးကပ်လို့ သတိပေးလိုက်သည်
သိုသော် မသိချင်ယောင်ဆောင်နေတဲ့ အရှင်က တမင်ပင်ညစ်နေသယောင်

"ကြင်ယာလောင်းတွေကို ဂရုဏာထားသလောက် ဒီအရှင်ပေါ် ကြင်နာပေးရင်ရော ဘယ်လိုလဲ ရှောင်းသခင်လေး "

မျက်နှာနားထိ တိုးကပ်ပြီး ပြောတဲ့အရှင်က သဘောရိုးနဲ့ ပြောသော်လည်း
မရိုးမသားဖြစ်မိတဲ့ သူ့အတွက်တော့
စိတ်လှုပ်ရှားရုံမက ရင်ဘက်ထဲမှာလည်း
ခုန်ပေါက်နေသည်လေ
ရှောင်းကျန့်လည်း ဒီထက်ပို မူမမှန်တာမျိုး မဖြစ်ချင်တာကြောင့်
အရှင်နဲ့ ခပ်ဝေးဝေးကို ရွှေ့လိုက်သည်

အရှင်က အလိုမကျတဲ့ အမူအရာမျိုးပြပေမယ့် ရှောင်းကျန့်မှာ မသိချင်ယောင်ဆောင်ထားရသည်
ကိုယ့်အပူနဲ့ကိုယ်ကိုးး

"မိန်းကလေးတို့ ပုံမှန်အတိုင်းနေကြပါ
မိန်းကလေးတို့ ကိုယ်တော့်ကြောင့် အနေခက်ရင် တစ်စုံတစ်ယောက်က ကိုယ်တော့်ကို
အပြစ်မြင်နေပါအုံးမယ် "

"ကျေးဇူးကြီးမားလှပါတယ် အရှင် "

သခင်မလေးသုံးယောက်မှာ အခုမှသာ အသက်ရှူနိုင်တော့သည်
အရှင်က ဘာကြောင့်ပထမဆုံးတွေ့ဆုံမှုမှာ သူတို့ကို ပညာပြရတာလဲ
နားမလည်နိုင် ဖြစ်နေကြသည်
အရှင့်အပေါ် အမှားလုပ်ဖူးတာမျိုးလည်း မရှိပဲနဲ့

Tell Me Honestly [Complete]Where stories live. Discover now