အပိုင်း(၁)

955 51 13
                                    

Unicode

၄.စက်တင်ဘာ. ၂၀၁၇

လေယာဉ်ပေါ်ကဆင်းဆင်းချင်း ပင့်သက်ရှိုက်မိတော့ နှာဖျားဝကဝင်လာတဲ့အေးမြပြီး လက်ဆက်တဲ့လေထုက ရှမ်းပြည်နယ်ရဲ့ဆောင်းရာသီကိုဖော်ညွန်းနေသည်။
ရောက်ခဲ့ပြီဖြစ်သော ရန်ကုန်မြို့နှင့်ကွဲပြားစွာ လေဟာအတော်သန့်ရှင်းနေသည်။

လေယာဉ်ပေါ်ကဆင်းလာတော့ လေဆိပ်ဟာရောက်ခဲ့ဖူးသော လေဆိပ်တို့လိုသိပ်ခန်းနားမနေ..
ခရီးသည်များထွက်ရာ နေရာကထွက်လာတော့ အသားဖြူဖြူ သူထက်အရပ်အနည်ငယ်နိမ့်ဟန်ရှိတဲ့ လူတစ်ယောက်ကစီးကြိုသည်။

"ဒီကအကိုက အကိုကင်မ်ထယ်ယောင်းထင်တယ်..ကျွန်နော်ကစိုင်းခွန်နောင်ပါ"

ထိုလူ့ဆီကထွက်လာတာ ကြားဖူးနေကျဗမာစကားသံထက်အနည်းငယ်ကွဲပြားတဲ့ လေသံ...

"ဟုတ်ကဲ့..ကျွန်တော်ထယ်ယောင်းပါ"

ထယ်ယောင်းဆီကထွက်လာတဲ့ ဗမာအစစ်တွေလောက်မပီသနိုင်သော်ညား ကွဲကွဲပြားပြားနှင့်ပြတ်သားစွာကြားလိုက်ရတဲ့ ဗမာစကားသံကြောင့် ခွန်နောင်ပြုံးလိုက်မိသည်။

"အကိုက ဗမာလိုအတော်လေးပီသတယ်နော်"

"အဖေက ငယ်ငယ်တုန်းတည်းကသေချာသင်ပေးထားတာ"

ပအို့ရှမ်၊ဗမာ အပြင်ကိုရီးယား သွေးနှောထယ်ယောင်းဟာ ကိုရီးယားနိုင်ငံမှာသာကြီးပြင်လာရသော်လည်း ဗမာသွေးများသော ရှမ်း၊ဗမာဖြစ်သူ ဖခင်ဆီကဗမာစကားအားသင်ယူခဲ့သည်။

"အော်...ဟုတ်ကဲ့ ခနစောင့်ရမယ်အကိုကျွန်တော်တို့အိတ်တွေယူရဦးမယ်"

ထယ်ယောင်းခေါင်းညိတ်ပြလိုက်တော့ သူတို့အတူမုန့်ဈေးဆိုင်လေးများ များစွာရှိရာ လမ်းကိုဖြတ်၍ မော်တော်ယာဉ်များထားရာနေရာကို ခွန်နောင်ကဦးဆောင်ခေါ်သွားသည်။

"ဒီနယ်ကတော့ ခေါင်တယ်အကိုရေ...ဒါမယ့်ကျွန်တော်တို့လိုဒီမှာမွေး ဒီမှာကြီးတဲ့လူတွေအတွက်တော့ သစ်ကြားသီထဲကသစ်ပိုလို့ပဲပြောပြော ဒီအရပ်မှာပဲပျော်တယ်"

ထယ်ယောင်းပြုံး၍နားထောင်နေလိုက်သည်။
အဲ့ဒီနောက်မှာတော့ ခရီးဆောင်အိတ်တွေအထပ်လိုက်တင်လာတဲ့ လှည်းကြီးတွေဟာ လေဆိပ်ထဲကနေထွက်လာသည်။

မြို့ဟောင်းလေး(vk){Complete}Where stories live. Discover now