Zawgyi
"ဟေ့!!ဘယ်သူလဲ"
အနောက်ကဘကြိုင်ရဲ့အသံကြောင့် ဂျောင်ကုလှည့်ကြည့်လိုက်တော့ သူအနောက်မှာရပ်နေတဲ့ နေ့လည်ကတွေ့လိုက်သည့်ဟိုဘက်ခြံကိုပြောင်းလာတဲ့ကောင်လေး..ပြေးဖို့ကြံနေသော ထိုကောင်လေးရဲ့လက်ကိုလှမ်းဆွဲကာ..
"ကျုပ်အိမ်ထဲဘာလာလုပ်တာလဲ"
"ဟို..ကျွန်တော်က..."
"ပြောလေ!!"
သူအော်လိုက်တော့ ပုခုံးလေးကျုံ့ဝင်သွားပြီး...
"တောင်းပန်ပါတယ်နော် မရည်ရွယ်ပါဘူး ကျွန်တော်က စန္ဒရားသံကြားလို့လာကြည့်တာပါ ကျွန်တော်အသံပေးလိုက်ရင် စန္ဒရားသံရပ်သွားမှာစိုးလို့ ခြံထဲမှာလဲဘယ်သူ့မှမတွေ့လို့လေ အဲ့ကြောင့်ပါ.."
"အဲ့တာကြောင့်..ကျုပ်အိမ်ထဲကိုခိုးကြောင်ခိုးဝှက်ဝင်လာတယ်ပေါ့ ဘယ်လိုပဲဖြစ်ဖြစ်သူများအိမ်ထဲ ခွင့်တောင်းပြီးမှဝင်ရမယ်ဆိုတာ မင်းမိဘတွေမဆုံးမ ထားဘူးလား"
သူများပိုင်တဲ့ပစ္စည်းတွေ နယ်မြေတွေထဲ ခွင့်မတောင်းပဲ လက်လွတ်စပယ်မဆင်မခြင် ထိကိုင်တာတွေ ဝင်ထွက်တာတွေကို သူတကယ်မကြိုက်ပါသည်။
"ကျွန်တော်တောင်းပန်တယ်လို့ပြောပြီးပြီပဲဟာ..ကျွန်တော်မိဘတွေကိုတော့မထိပါးပါနဲ့"
တင်းမာနေတဲ့အခြေအနေကြား ဘကြိုင်ဗြာများရပြန်သည်။ သူတို့သခင်လေးအကြောင်းသူတို့သိတယ်မဟုတ်လား...
"ဟို..သခင်လေး ဒီကညီလေးက ဧည့်သည်ထင်ပါတယ် သူမသိလို့ဝင်လာမိတာနေမှာပါ.."
ဘကြိုင်စကားကြောင့် စိတ်လျော့လိုက်ရသည်။ အခုမှပြောင်းလာတဲ့လူတွေနဲ့လည်း သူစကားမများချင်တာမို့ ခပ်စူစူအကြည့်တို့ပစ်လွှတ်ကာ အိမ်ပေါ်တတ်လာလိုက်တော့သည်။
"ဘယ်လိုလူတုန်း.."
"ဒီကညီလေး..စိတ်မရှိပါနဲ့ အကိုလည်းရုတ်တရက်ဆိုတော့အော်လိုက်မိတာ"
"ကိစ္စမရှိပါဘူးရပါတယ်.."
"ဒါနဲ့ညီလေးက ဘယ်ကလဲ"
"ကျွန်တော်က ဟိုဘက်ခြံကိုပြောင်းလာတဲ့ ဦးမာန်ထင်ဝါရဲ့သားပါ"
![](https://img.wattpad.com/cover/324291995-288-k1706.jpg)
YOU ARE READING
မြို့ဟောင်းလေး(vk){Complete}
Fantasyရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံရယ်လို့အမည်ရတဲ့ မြို့တစ်မြို့ရဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းတစ်ချို့ကိုထည့်သွင်းရေးသားထားဖြစ်ပါတယ်။ ဇာတ်ကောင်ပိုင်းတွေက စိတ်ကူးယဉ်သက်သက်ဖြစ်သည့်အလျှောက် ကိုယ်ညဏ်မှီသလောက်ရေးထားတာဖြစ်တဲ့အတွက် ရှေးခေတ်ရှမ်းပြည်အနယ်အ...