Zawgyi
ထယ်ယောင်းအခု စိမ်းလဲ့လဲ့ရေကန်တွေကိုမျက်နှာမူကာ ကမ်းစပ်တွင်ခြေဆင်းထိုင်နေသည်။
"မောင်တို့တွေလက်ထပ်ကြရအောင် နွယ်.."
သူရဲ့ဘေးမှာထိုင်နေတဲ့ လူတစ်ယောက်ဆီကအသံကြောင့် လည့်ကြည့်လိုက်တော့..ထိုလူ့အနောက်ကနေရောင်ဟာအလွန်စူးရှနေတာမို့ ထိုလူရဲ့မျက်နှာကိုမမြင်ရ...
ထိုလူဟာသူ့လက်ကို ခပ်ဖွဖွလာကိုင်သည်။"မောင်..အင်းလေးကပြန်လာရင် နွယ့်မိဘတွေကိုမောင်ကိုယ်တိုင်လာပြောမယ်...တော်တော်တော့ပြောယူရမှာပေါ့လေ..သဘောမတူရင် နွယ်သဘောကျတဲ့လွိုင်မွေကအိမ်ကြီးဆီထွက်ပြေးကြမယ်...နွယ်လိုက်မှာလား"
ထယ်ယောင်းဘာမြှပန်မဖြေနိုင်..ပြုံးနေတဲ့သူက ဘာတွေပြောနေမှန်းမသိပေမယ့် ထယ်ယောင်းစိတ်ထဲအရမ်းဝမ်းနည်းနေသည်။
"နွယ်..ဘာလို့ငိုတာလဲနွယ်ရဲ့ ဟမ်.."
သူပါးကိုထိတွေ့လာတဲ့လက်နွေးနွေး..သူ့မျက်လုံးတွေကိုမမြင်ရသော်လည်း သူ့အသံဟာစိုးရိမ်မှုတွေ လွှမ်းခြုံနေသည်။
"မောင့်နောက်မလိုက်ချင်လို့လားဟင်..မောင်နဲ့လက်မထပ်ချင်လို့လား"
သူပြန်ပြောလို့မရ ရှိုက်ကာရှိုက်ကာငိုနေမိသည်။
"မောင့်ကိုပြောဦးလေ"
ရင်ထဲကစို့နစ်ကာ အသက်ရှူတွေပါကျပ်လာရသည်။ မောဟိုက်လာတဲ့ ခံစားချက်နဲ့အတူအသံတွေဟာ ကြားတစ်ချက်မကြားတစ်ချက် နားထဲမှလေတွေထွက်လာသလို မျက်လုံးများလည်းပြာလာသည်။
ပိတ်ကျတော့မယ့်မျက်လုံးတွေကို အားယူကာဖွင့်ပစ်လိုက်တော့..ပြတင်းပေါ်မှဖျာကျနေသော ရောင်ခြည်နွေးနွေးကိုတွေ့လိုက်ရသည်။ အိပ်ယာပေါ်ကကုန်ရုံးထပြီးထိုင်တော့..ရင်အစုံဟာမောဟိုက်မှုကြောင့် နှိမ့်ချည်မြင့်ချည်ရယ်..."ဟော..နိုးပြီလားအကို ကျွန်တော်ရုံးသွားတော့မလို့.."
သူ့အခန်းတံခါးဝမှလာပြောနေသော ခွန်နောင်...
"အော်..အချိန်ကအဲ့လောက်တောင်ရှိနေပြီလား"
"၈နာရီ၄၅ရှိနေပြီအကိုရဲ့ ကျွန်တော်သွားတော့မယ်နော် ဒီနေ့တန်းစီရမှာမို့ ထမင်းစားခန်းထဲမှာမုန့်ရှိတယ်အကို..မနေ့ကဖူးဟွမ်ပေးထားတဲ့ ခေါပုတ်တွေလည်းကြော်ထားတယ်"
आप पढ़ रहे हैं
မြို့ဟောင်းလေး(vk){Complete}
काल्पनिकရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံရယ်လို့အမည်ရတဲ့ မြို့တစ်မြို့ရဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းတစ်ချို့ကိုထည့်သွင်းရေးသားထားဖြစ်ပါတယ်။ ဇာတ်ကောင်ပိုင်းတွေက စိတ်ကူးယဉ်သက်သက်ဖြစ်သည့်အလျှောက် ကိုယ်ညဏ်မှီသလောက်ရေးထားတာဖြစ်တဲ့အတွက် ရှေးခေတ်ရှမ်းပြည်အနယ်အ...