Zawgyi
ခြံရှေ့က ခေါင်းလောင်းတီးသံကြောင့် ဘကြိုင်ဘယ်သူလည်းဆိုတာကို သွားကြည့်စရာမလိုအောင်သိသည်။
"နဝါ..နင်ကတော့လေ အမြဲကိုစောနေတာပဲ"
"ဟီး..ကြိုးစားရမယ်လေ"
"ကောင်းပါ့ဗျာ ကြိုးစားကြိုးစား"
ထယ်နဝါအိမ်ထဲဝင်လာတော့ သူ့ဆရာကြီးကအပေါ်ထပ်ကနေဆင်တာလာနဲ့ဆုံသည်။ ထုံစံအတိုင်းအပေါ်ကအလယ်ဂတုံး အင်္ကျီအဖြူလက်ရှည်လေးကို ဝတ်ထားပြီး အောက်ကျော့ယောပုဆိုးအမဲလေးနဲ့..
"ရောက်ပြီဆိုလည်းထိုင်"
ဒီလိုနဲ့ သင်ပြခြင်းမှတ်သားခြင်းလုပ်ငန်းစတင်တော့သည်။
"ခုနကသံစဉ်ပြန်တီး"
"ဟုတ်.."
ထယ်နဝါစန္ဒရားရှေ့အကျအနပြန်ထိုင်ကာ စိတ်ကိုလျော့ချပြီးတီးတော့..
"မဟုတ်သေးဘူး..မှားနေသေးတယ်"
ဂျွန်စံကရပ်နားထောင်နေရာကနေ အနားလာကာ အနောက်ကနေကိုယ်ချင်းထိလုမတပ်ရပ်ပြီး ထယ်နဝါ့လက်မောင်းနားကနေ လက်တွေကိုထုတ်လိုက်တော့ လူကသူ့ရင်ခွင်ထဲအံဝင်ခွေကျနေသယောင်
"ဒီလိုတီးတာ.."
ကိုယ်ကိုကိုင်းကာ သူ့မျက်နှာကိုထယ်နဝါ့ဘယ်ဘက်ပါးနားကပ်၍ ပြောလာသည်ကြောင့် လူကတောင့်ခနဲ..ရင်ထဲကလည်း တစ်ခုခုလှုပ်ခပ်နေသလို
"ရလား"
"ဟမ်"
တွေးနေတုန်း ဘေးကမေးလာတဲ့သူကြောင့်လှည့်ကြည့်လိုက်တော့..
ကျွန်တော့်နှုတ်ခမ်းနဲ့ထိကပ်မိသွားတဲ့ သူ့ပါးပြင်နုနု..စိုင်းဂျွန်စံမှာမျက်လုံးကြီးပြူသွားသော်လည်း မရုန်းမိ ထယ်နဝါမှာလည်း မခွာမိ..ထိုအတိုင်းသာကြောင်နေမိကြသည်။"အယ်..သခင်လေး"
အနောက်ကဘကြိုင်ရဲ့အသံကြောင့် နှစ်ယောက်လုံးကြောင်အနေရာမှ မျက်နှာတွေကိုဆန့်ကျင်ဘက်တစ်ဖက်စီလှည့်သွားမိတော့သည်။
"ဘာ..ဘာတုန်း.."
"ဟို..ဘာစားချင်လဲလို့ ကျွန်တော်ညနေဈေးသွားမလို့"
STAI LEGGENDO
မြို့ဟောင်းလေး(vk){Complete}
Fantasyရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံရယ်လို့အမည်ရတဲ့ မြို့တစ်မြို့ရဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းတစ်ချို့ကိုထည့်သွင်းရေးသားထားဖြစ်ပါတယ်။ ဇာတ်ကောင်ပိုင်းတွေက စိတ်ကူးယဉ်သက်သက်ဖြစ်သည့်အလျှောက် ကိုယ်ညဏ်မှီသလောက်ရေးထားတာဖြစ်တဲ့အတွက် ရှေးခေတ်ရှမ်းပြည်အနယ်အ...