Zawgyi
(⚠️-ဒီမြေနီလမ်းသီချင်းလေးနားထောင်ရငျး ဖတ်ကြပါပေးချင်တဲ့feelလေးမရလိုက်မှာစိုးလို့ ပလိ့...🙇🏼♀️)
စိုက်ခင်းထဲကြည့်ကျပ်စရာတွေစီမံစရာတွေလုပ်ပြီး ပြန်လာသည့် အိမ်အပြန်လမ်းလေးဟာ ညနေနေတောင်နည်းငယ်စောင်းနေလေပြီ..ဘေးကထယ်နဝါကတော့ ခပ်နီနီမြေနီလမ်းပေါ်ခုန်စွစွလျှောက်ရင်း ဘေးပတ်ချာလည်ကအစိမ်းရောင်အရွက်တို့ကင်းကာ ပန်းရောင်တွေချည်းညို့နေသည့် ချယ်ရီပင်တွေကိုအတော်သဘောကျနေသယောင်..
"ချယ်ရီပန်းတွေကို သဘောကျလား"
"အင်း..အရမ်းလှတာပဲ အနံ့မရှိပေမယ့်သူ့အလှကသူ့ကိုပြည့်စုံစေတယ်"
ပန်းတွေကိုခပ်ပြုံးပြုံးမော့ကြည့်ရင်းပြောလာသည့် ထယ်နဝါ့မျက်နှာဟာစောင်းနေသည့်နေရောင်နှင့်ပန်းရောင်ချယ်ရီပန်းတွေကြားထဲ ဝင်းပနေသည်။
"လွိုင်မွေကန်ဘက်သွားချင်လား"
"ချယ်ရီပင်တွေလောက်လှလို့လား"
ထယ်နဝါ့အမေးကို ဂျွန်စံခပ်ရေးရေးပြုံးကာ..
"အဲ့ကန်ပတ်ပတ်လည်ကချယ်ရီပင်တွေချည်းပဲ"
"တကယ်.."
လတ်သွားတဲ့မျက်လုံးလေးတွေဟာ သူ့အားမော့ကြည့်လာသည်။
"အင်း..ပြီးတော့ ကန်ပေါ်မှာတံတားလေးလည်းရှိတယ် နှောင်တုံကန်လိုပဲ"
"ဟုတ်လား..အာ့ဆိုသွားမယ်လေ"
လျှောက်လာသည့်လမ်းလေးတစ်လျှောက် ရှမ်းပြည်နယ်လို့မပြောရလောက်အောင်ပင် မြေနီလမ်းတွေနှင့်သာညီညာပြန့်ပြူးလျက်..
ထိုမြေနီလမ်းအလယ်တွင် ပန်းနုရောင်ချယ်ရီပန်းတွေဝန်းရံနေသည့် ထိုခပ်စိမ်းစိမ်းရေကန်ကြီးဟာလည်းထင်ရှားလျက်..
YOU ARE READING
မြို့ဟောင်းလေး(vk){Complete}
Fantasyရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံရယ်လို့အမည်ရတဲ့ မြို့တစ်မြို့ရဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းတစ်ချို့ကိုထည့်သွင်းရေးသားထားဖြစ်ပါတယ်။ ဇာတ်ကောင်ပိုင်းတွေက စိတ်ကူးယဉ်သက်သက်ဖြစ်သည့်အလျှောက် ကိုယ်ညဏ်မှီသလောက်ရေးထားတာဖြစ်တဲ့အတွက် ရှေးခေတ်ရှမ်းပြည်အနယ်အ...