Zawgyi
နိုးနိုးချင်းပြတင်းပေါက်ကိုလှမ်းကြည့်တော့ အရှေ့တွင်မြူမှုန်များပိတ်သိပ်လျက် နေရောင်းတောင်မမြင်ရသေးပေ။ အချိန်အားဖြင့်တော့မနက်၎ချက်ထိုးလောက်သာရှိလိမ့်ဦးမည်ထင် ရင်ခွင်ထဲကကောင်လေးကိုငုံကြည့်တော့ ချမ်းလို့ထင်ကိုယ်လေးကိုကျုံ့ကာအိပ်နေလေရဲ့...ခါးနားထိကျနေသောစောင်ကို ထိုကောင်လေး၏ပုခုံးထပ်သေချာခြုံပေးကာ ရင်ခွင်ထဲနစ်နေအောင်ဖတ်ထားလိုက်သည်။ ထိုကောင်လေးဟာလည်း ရင်ခွင်းထဲပို၍တိုးဝင်လာလေ၏။
နဖူးပြင်လေးကိုငုံ့နမ်းတော့ ထိုကောင်လေးဟာမျက်လုံးတို့ဖွင့်ကာကြည့်လာလေသည်။"ဟင်..နိုးပြီလားနွယ်"
"အင်း..ညကစောစောအိပ်ထားလို့လေ"
"ဒီလောက်အေးနေတာကို..ပြန်အိပ်လိုက်ဦး ၄ချက်ထိုးလျောက်ပဲရှိဦးမယ် နေထွက်ရင်မောင်နှိုးမယ်လေ"
"မအိပ်ချင်ပါဘူး..ထလည်းမထချင်ဘူး ဒီတိုင်းလေးပဲနေချင်သေးတာ မောင်လည်းမထသေးနဲ့နော်ကျွန်တော့်ကိုဖတ်ထား အေးတယ်"
"ကောင်းပါပြီဗျာ..."
ပိုတိုးလို့ဖက်လိုက်ရင်း တစ်ယောက်ကိုတစ်ယောက်ငေးကြည့်နေမိကြသည်။
"မောင်.."
"ဗျာ.."
"ကျွန်တော့်ကိုပုံပြင်ပြောပြ"
"ပုံပြင်.."
"အင်း.."
"မောင်မှပုံပြင်မပြောပြတတ်တာ နွယ်ရယ်.."
"မောင်ကြားဖူးတဲ့ပုံပြင်ပြောပြပေါ့..လုပ်ပါ ပြောပြပါ ကျွန်တော်ပျင်းလို့ပါဆို"
"ဟုတ်ပါပြီ..ဟုတ်ပါပြီ မောင်ကြားဖူးတဲ့ပုံပြင်တစ်ပုဒ်တော့ရှိတယ် ရှမ်းပြည်နယ်ကပုံပြင်တစ်ပုဒ်ပဲ ညဘက်တွေမှာမြင်ရတတ်တဲ့ သုံးလုံးဆက်ကြယ်လေးအကြောင်းဆိုလည်းမမှားဘူး ဝမ်းနည်းဖို့တော့ကောင်းတယ် နွယ်နားထောင်မလား"
YOU ARE READING
မြို့ဟောင်းလေး(vk){Complete}
Fantasyရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံရယ်လို့အမည်ရတဲ့ မြို့တစ်မြို့ရဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းတစ်ချို့ကိုထည့်သွင်းရေးသားထားဖြစ်ပါတယ်။ ဇာတ်ကောင်ပိုင်းတွေက စိတ်ကူးယဉ်သက်သက်ဖြစ်သည့်အလျှောက် ကိုယ်ညဏ်မှီသလောက်ရေးထားတာဖြစ်တဲ့အတွက် ရှေးခေတ်ရှမ်းပြည်အနယ်အ...