Zawgyi
အိမ်ကစထွက်သည်နှင့် တတ်ကြွနေသည့်ခြေလှမ်းတွေ..အချိန်အားဖြင့်၃နာရီထိုးဖို့ ၅မိနစ်အလို ၃နာရီမထိုးသေးသော်လည်း အိမ်ရှေ့ကနေခြံဝကိုလျှောက်တာရယ် ခြံရှေ့ကနေဟိုဘက်ခြံရှေ့ကိုလျှောက်တာရယ် ဟိုဘက်ကတံခါးလာဖွင့်ပေးဖို့ကိုစောင့်တာရယ် တံခါးဖွင့်ပြီးတော့လည်းခြံထဲကနေအိမ်ထဲကိုလျှောက်တာရယ်နဲ့ လိုလိုပိုပို၅မိနစ်စောထွက်လာခဲ့လိုက်သည်။
ထိုခြံရှေ့ရောက်သည်နှင့် ခြံတံခါးတွင်ချိတ်ထားသော ခေါင်းလောင်းလေးကိုလှုပ်ရမ်းလိုက်သည်။ ခနအတွင်းပင် အိမ်ထဲမှအကိုဘကြိုင်ထွက်လာသည်ကိုတွေ့လိုက်ရသည်။
"ဘာကိစ္စရှိလို့လဲ နဝါ.."
"ဟီး..ဟိုမြို့မျက်နှာဖုံးကြီးပြန်ရောက်ပြီလားဟင်"
"မြို့မျက်နှာဖုံးကြီး..."
"စိုင်းဂျွန်စံကိုပြောတာ.."
"အော်..သခင်လေးကခုလေးတင် အိမ်ပေါ်ထပ်တက်သွားတယ် နဝါကသခင်လေးဆီလာတာလား"
"အင်း.ကျွန်တော်စန္ဒရားတီးလာသင်တာ သူပြောပြမထားဘူးလား"
"ဟင့်အင်း.."
ဘကြိုင်က ခေါင်းအသာရမ်းပြ၍ အူလည်လည်လေးဖြေလာသည်။
"သခင်လေးက နဝါ့ကိုစန္ဒရားတီးသင်ပေးမယ်တဲ့လား"
"အင်..မနက်ကလေးတင်ညှိယူလိုက်တာလေ ဟီး~~"
"အော်..."
သူသိသည်။ သူ့သခင်လေးအကြောင်း ဟို..ငယ်စဉ်လူမှန်းသိတတ်ကာစအရွယ်တည်းက အကိုလိုတစ်မျိုး သူငယ်ချင်လိုတစ်မျိုး သူဌေးတစ်ယောက်လိုမျိုး ချစ်ခင်လေးစားကာ အနားမှာနေလာခဲ့သည့်သူ့လိုလူမှမသိရင် ဘယ်သူကသိမလဲလေ...
သူ့ထက်အသက်၂နှစ်ပိုကြီးသည့်သခင်လေးဟာ သဘောကောင်းသော်လည်း စိတ်ဆက်သည်။ သူ့အချိန်တွေကို ဘယ်တစိမ်းအတွက်နှင့်မှ အလဟသက်အဖြစ်မခံ..ဘယ်သူဘယ်ဝါကိုမျှ အရေးတယူဂရုစိုက်မနေတတ် ခက်ခဲသောလူတို့ကိုကူညီသင့်တာရှိကူညီမည်။ ပေကမ်းသင့်တာရှိပေးကမ်းမည်။ ဒီလိုပြည့်စုံပြီး မွေးကတည်းက ရွှေဇွန်းကိုက်လာတဲ့သူဌေးသားတွေတွက် စီးပွားရေးကိစ္စကလွဲ ကျန်တာအရေးတယူမရှိ အခုတော့အခုမှပြောင်းလာသည့်ကောင်လေးကို စန္ဒရားတီးသင်ပေးမည်တဲ့လား...
YOU ARE READING
မြို့ဟောင်းလေး(vk){Complete}
Fantasyရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံရယ်လို့အမည်ရတဲ့ မြို့တစ်မြို့ရဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းတစ်ချို့ကိုထည့်သွင်းရေးသားထားဖြစ်ပါတယ်။ ဇာတ်ကောင်ပိုင်းတွေက စိတ်ကူးယဉ်သက်သက်ဖြစ်သည့်အလျှောက် ကိုယ်ညဏ်မှီသလောက်ရေးထားတာဖြစ်တဲ့အတွက် ရှေးခေတ်ရှမ်းပြည်အနယ်အ...