အပိုင်း(၂၆)

151 24 11
                                    

Unicode

ကားလေးဟာကွေ့လိမ်နေသည့်တောင်ပေါ်တရွှေ့ရွှေ့တက်နေသည်။ ကားမှန်ပြတင်းကနေကြည့်ပါလျှင် ဝေးလေကြီးလေ နီးလေသေးလေမြင်ရတက်သည့်တောင်တွေနှင့် ထိုတောင်ပေါ်သို့ကျရောက်နေသည့် တိမ်စိုင်တွေရဲ့အရပ်ကိုတွေ့မြင်ရမည်။

တောင်ပေါ်ရောက်တော့ရာသီဥတုဟာ တောင်အောက်နှင့်မတူ နွေဦးအချိန်တောင်အေးစိမ့်နေသည်။

"အကိုထယ်ယောင်း...ကျွန်တော်တို့ဘုန်ကြီးနဲ့စကားသွားပြောလိုက်ဦးမယ် အကိုလျှောက်ကြည့်နှင့်လေ...အဝေးကြီးတော့မသွားနဲ့"

"ဟုတ်ပြီခွန်နောင်"

ခွန်နောင်တို့ဘုန်းကြီးကျောင်းထဲဝင်သွားတော့ ထယ်ယောင်းအနီးအနားလျှောက်ကြည့်မိသည်။ လွိုင်မွေဟာအရင်ကလိုပါပဲ သိပ်လှသည်။ ချယ်ရီပန်းတွေပွင့်မနေတာတောင်ပေါ့...

ထယ်ယောင်းအတိတ်တွေမှတ်မိနေရတာကြာပြီ...မှတ်မိစအချိန်ထဲကအတိတ်တွေထဲနှစ်မျောနေခဲ့တာ အခုလိုအမှတ်တရတွေရှိနေတဲ့နေရာလေးကိုရောက်တော့ တစ်စုံတစ်ယောက်အားသတိရမိသည်။အခုချိန်သူဘယ်တွေများရောက်နေမလဲ...
လူ့လောကကြီးထဲပြန်ရောက်ရှိနေမယ်ဆိုရင်ရော သူ့လိုပြန်မှတ်မိနေပါဦးမလား...

ထယ်ယောင်းကန်ရေပြင်ကြီးကိုကြည့်ရင်း အတွေးတွေထဲနှစ်မျောနေမိသည်။ ကန်ရေပြင်ဟာအရင်ကအတိုင်းစိမ်းလဲ့နေဆဲ... ထိုလူသား..ဒီကမ္ဘာကြီးထဲမှာရှိနေမယ်ဆိုရင်ရော လူသန်းပေါင်းသန်းချီမကရှိတဲ့ဒီလောကထဲ သူနဲ့ပြန်ဆုံတွေ့ဖို့ကဖြစ်နိုင်ပါ့မလားဟင်...

"ဓာတ်ပုံရိုက်လို့ပြီးပြီလား"

"ဟုတ်..ဟျောင်း ဒီနေ့တော့ဒီလောက်ပဲ"

"ဟုတ်ပြီ...အဲ့တာဆိုနေ့လည်စာသွားစားမယ်"

"ရယ်...ဆွန်းဂ"(ဟုတ်..ခန)

ထယ်ယောင်းအတွေးထဲနှစ်နေရာမှ အနောက်ကကိုရီးယားလိုပြောလိုက်သည့်အသံကြောင့်လှည့်ကြည့်လိုက်တော့ လွယ်အိတ်တလုံးနှင့်ဓာတ်ပုံရိုက်သည့်ပစ္စည်းတွေသယ်ကာပြေးသွားသော ဆံပင်ကောက်ကောက်နှင့်ကောင်လေးတစ်ယောက်ကိုတွေ့လိုက်သည်။

မြို့ဟောင်းလေး(vk){Complete}Donde viven las historias. Descúbrelo ahora